Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 20, 2014

အိန္ဒိယ ဟိန္ဒူ ဂုရုကျောင်းမှာ လူသေ ၅လောင်း တွေ့

20 November 2014 04:02(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟာရီယာနာ ပြည်နယ်မှာ အခြေအတင် အငြင်းပွားစရာ ဖြစ်နေတဲ့ ဟိန္ဒူ ဂုရုကို ထောက်ခံ အားပေးသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့အပြီး အဲဒီ ဟိန္ဒူ ဝတ်ပြုကျောင်းမှာ အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ် တစ်ဦးရဲ့ အလောင်းတွေ တွေ့ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

၂၀ဝ၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူသတ်မှု၊ တရားရုံးကို မထီမဲ့မြင် ပြုမှု စတဲ့ စွဲချက်တွေနဲ့ အလိုရှိနေတဲ့ အဲဒီ ဂုရု Rampal Maharaj ကို ဖမ်းဆီးဖို့ ဝတ်ပြုကျောင်းကို ရဲတွေ ဝိုင်းထားခဲ့တာ သီတင်း တပတ်ကျော် ရှိလာခဲ့ရာမှာ မနေ့က အင်္ဂ࿿ါနေ့မှာတော့ ဝတ်ပြုကျောင်းကို ရဲတွေ ဝင်စီးခဲ့လို့ လူ ၂၀ဝ လောက် ဒဏ်ရာ ရခဲ့ကြပါတယ်။

ဂုရု ရမ်ပယ်လ် မဟာရာ့ဂ်ျဟာ ရောဂါ ဝေဒနာတွေ ပျောက်အောင် ကုပေးနိုင်တယ် ဆိုပြီး အဲဒီ ဝတ်ပြုကျောင်းကို လူတွေ သောင်းနဲ့ချီ ရောက်နေတာ ဖြစ်ပြီး အဲဒီ လူတွေကို ဓားစာခံ အဖြစ် ဂုရုကို ထောက်ခံ အားပေးသူတွေက အကာအကွယ်ယူ အသုံးချ ခဲ့ကြတယ်လို့ ရဲတွေက စွပ်စွဲနေပါတယ်။

အခု တွေ့ရတဲ့ အလောင်းတွေကိုတော့ ဘာ့ကြောင့် သေဆုံးခဲ့တာလဲ ဆိုတာ သိဖို့ ရဲက စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။

ဝတ်ပြု ကျောင်းထဲမှာ လောလောဆယ် လူထောင်နဲ့ ချီ ရှိနေသေးတယ်လို့ အာဏာပိုင်တွေက ပြောပြီး ဝတ်ပြုကျောင်း အပြင်ဘက်မှာ ရဲတွေ ထောင်ပေါင်း များစွာ ဝန်းရံထားကာ အခြေအနေတွေ တင်းမာနေဆဲ ဖြစ်ပါတယ်။


ဂုရုကို ထောက်ခံသူတွေကို လူစုခွဲဖို့ ကြိုးစားစဉ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ