အိုင်အက်စ်အဖွဲ့က ဆီးရီးယားလူမျိုး အကျဉ်းသား တစ်ဦးအား ခေါင်းဖြတ် သတ်ဖြတ်ပုံကို ရိုက်ကူးလွှင့်တင်သည့် ဗီဒီယိုပြကွက်တွင် ဒုတိယမြောက် ပြင်သစ်နိုင်ငံသား ဂျီဟတ်ဝါဒီ တစ်ဦး၏ ရုပ်ပုံကိုတွေ့ရှိရကြောင်း ပြင်သစ်နိုင်ငံက အတည်ပြု ပြောကြားသည်။
အမည်ဖော်ပြခြင်း မရှိသည့် ပြင်သစ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ပြင်သစ်မီဒီယာက ကောက်နုတ်ဖော်ပြရာတွင် ၄င်းမှာ ပြင်သစ်နိုင်ငံ ပါရီမြို့အရှေ့ဘက် ဆင် ခြေဖုံးဒေသမှ အသက် ၂၂ နှစ် အရွယ်ရှိသူ တစ်ဦးဖြစ်သည်ဟု ဆိုသည်။
ယခုရက်သတ္တပတ်အကုန်ပိုင်းက ထုတ် ပြန်သည့် ယင်းဗီဒီယိုပြကွက်ပါ စစ်သွေးကြွမှာ နော်မန်ဒီဒေသမှမက်မီဟုချဒ်အမည်ရှိသူ ဖြစ် ကြောင်း ပြင်သစ်အစိုးရက အစောပိုင်းတွင် ပြောကြားသည်။
အီရတ်နှင့်ဆီးရီးယားနိုင်ငံများသို့ ပြင်သစ် နိုင်ငံသားဂျီဟတ်ဝါဒီ၁ဝဝဝခန့် ထွက်ခွာသွား ကြပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ယခုနှစ်အစောပိုင်းက ဘရပ်ဆဲလ်မြို့ရှိ ဂျူးအမျိုးသားပြတိုက်တွင် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားအပြီးတွင် ပြင်သစ်နိုင်ငံသားများ ပဋိပက္ခ၌ ပါဝင်ပတ် သက်မှု ပိုမိုမြင့်မားလာသည့် အကြောင်း တစ်ရပ်ဖြစ်လာခဲ့သည်။
ယင်းသေနတ်ပစ်ခတ် တိုက်ခိုက်မှုတွင် လူလေးဦးသေဆုံးခဲ့ပြီး တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သူမှာ အသက် ၂၉ နှစ်အရွယ် မက် ဒီနမ်မိုချေအမည်ရှိ ပြင်သစ်နိုင်ငံသားဖြစ်ပြီး ၄င်းမှာ ဆီးရီးယားနိုင်ငံတွင်း၌ ဂျီဟတ်တိုက် ခိုက်ရေးသမားတစ်ဦးအဖြစ် ပါဝင်တိုက်ခိုက် ခဲ့သူဖြစ်သည်။




































No comments:
Post a Comment