Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 3, 2014

ယွမ် နှင့် ဒေါ်လာငွေ လဲလှယ်နှုန်း မြင့်တက်နေသဖြင့် တရုတ်နိုင်ငံထုတ် ပစ္စည်းများ ဈေးနှုန်းမြင့်လာ

3 November 2014 09:29(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
မန္တလေး ၊ ၃-၁၁-၂၀၁၄

အောက်တိုဘာလ နောက်ဆုံး ပတ်မှစ၍ နိုင်ငံခြားငွေ လဲနှုန်း မြင့်တက် လာခဲ့ရာ ယခု လဆန်းပိုင်းတွင် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်း အချို့ ဈေးနှုန်းများ မြင့်တက် လာခဲ့ကြောင်း မန္တလေးဈေးချိုမှ ဆိုင်ခန်းရှင် များက ပြောပြသည်။ အထူးသဖြင့် စားသောက်ကုန် ပစ္စည်းများထက် စာလျှင် လူသုံးကုန် ပစ္စည်းများ ဈေးမြင့်နေခြင်း ဖြစ်ကြောင်း သိရသည်။ ဒေါ်လာဈေး စတင် ပြောင်းလဲချိန်မှ စ၍ အောက်တိုဘာ လကုန်ပိုင်း အထိ ဈေးနှုန်းများ တည်ငြိမ်မှု ရှိခဲ့သော်လည်း နိုဝင်ဘာ လဆန်းပိုင်းတွင် ပြည်ပသွင်းကုန် အုပ်စုမှ လူသုံးကုန် ပစ္စည်းများ ဈေးနှုန်း ၂ဝ ရာခိုင်နှုန်း အထိ မြင့်တက် လာခဲ့ကြောင်း ကုန်သည်များက ဆိုသည်။

ဒေါ်လာဈေးနှုန်းမှာ ယမန်နေ့တွင် ငွေကျပ် ၁ဝ၁၄ အထိရှိပြီး တရုတ်ယွမ်ဈေး မှာ လည်းငွေကျပ် ၇ဝ ခန့် ရောက်ရှိ နေသဖြင့် လတ်တလော ဝင်ရောက်မှု များပြားလျက် ရှိသည့် ဆောင်းရာသီ ထုတ် စောင်ထည် အမျိုးမျိုး၊ အနွေးအင်္ကျီ အမျိုးမျိုးနှင့် အိမ်သုံးပစ္စည်း အချို့ တက်ဈေးဖြင့် ဝယ်ယူ နေရကြောင်း သိရသည်။ ''စောင်ထည်တွေက ပြီးခဲ့တဲ့ နှစ်က နှစ်သောင်း ဝန်းကျင်ပဲ ရှိပေမယ့် ဒီနှစ်မှာတော့ သုံးသောင်းလောက် ဖြစ်နေတယ်။ ဈေးမြင့်ပေမယ့် ကိုရီးယား ဒီဇိုင်း ထုတ်ထားတဲ့ တရုတ်စောင် တွေက နှစ်စဉ် လူကြိုက်များတယ်။ ဒါကြောင့် ပစ္စည်းသစ်တွေ ဝင်နေပြီး ဈေးလဲမြင့်တယ် ... '' ဟု စောင်မျိုးစုံ အရောင်းဆိုင်ရှင် တစ်ဦး က ဆိုသည်။

ထို့အတူ ဒေါ်လာ၊ ယွမ်ဈေးများ နှင့်အတူ ထိုင်းဘတ်ငွေ လဲနှုန်း များမှာလည်း အနည်းငယ်စီ မြင့်တက်လျက် ရှိနေရာ ထိုင်းနိုင်ငံထုတ် ပစ္စည်းများ၏ ဈေးနှုန်း မှာလည်း ခန့်မှန်းရန် ခက်ခဲ နေသေးကြောင်း သိရသည်။ သို့သော် ဈေးကွက်တွင်း ၌ ကာလ အတန်ကြာ အရောင်းအဝယ် အေးစက် ခဲ့ခြင်းကြောင့် ကုန်သည်များမှာ လတ်တလော ကာလ အရောင်းအဝယ် သွက်လာချိန်တွင် ဈေးတက် ရောင်းချလိုခြင်း မရှိသဖြင့် လက်ကျန် ပစ္စည်းများကို မူလဈေး အတိုင်းသာ ရောင်းချမှု ပြုနေကြောင်း သိရသည်။

ဒေါ်လာဈေးနှင့် ပတ်သက်၍ တက်ရိပ်ပြ နေသော အခြေအနေတွင် ဆက်စပ်လျက် ရှိနေသော နိုင်ငံခြား ငွေကြေးများ၏ လဲလှယ်နှုန်းများ လိုက်လံမြင့်တက် နေခြင်းကြောင့် ကာလ အတန်ကြာ ငြိမ်သက် နေသော ကုန်ဈေးနှုန်း မှာလည်း အခြေအနေ စောင့်ကြည့်လျက် ရှိနေကြောင်း ကုန်သည်များက သုံးသပ် ပြောဆိုကြသည်။ ဒေါ်လာဈေး၏ အခြေအနေမှာ အမေရိကန် နိုင်ငံ၏ စီးပွားရေး အခြေအနေ နှင့် ဆက်စပ်လျက် ရှိပြီး အမေရိကန် နိုင်ငံ၏ QE 3 စီမံကိန်း အောင်မြင်မှု နှင့် အမေရိကန်နိုင်ငံ စီးပွားရေး ခေါင်းထောင်လာမှု တို့ကြောင့် ဈေး ဆက်လက် မြင့်တက် နေဦးမည် ဖြစ်ကြောင်း နိုင်ငံတကာ စီးပွားရေး သုံးသပ်မှုများ အရ သိရှိရသည်။

လတ်တလော မန္တလေး ကုန်စည် ဈေးကွက်တွင်း၌ လက်ကျန် ပစ္စည်းများ ကိုသာ မူရင်း ဈေးနှုန်းဖြင့် ရောင်းချ နိုင်သော်လည်း ကုန်ပစ္စည်း အသစ်များကို ဖြစ်ပေါ်လျက် ရှိသည့် ဈေးနှုန်းများ အတိုင်း ရောင်းချဖွယ် ရှိနေကြောင်း ကုန်စည် ဈေးကွက်တွင်းမှ စုံစမ်း သိရှိရသည်။ (၁၇၂)





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ