Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, November 9, 2014

မြန်မာပြည် ခရီးစဉ်ဟာ အိုဘားမားရဲ့ အာရှ-ပစိဖိတ်ရေးရာ မူဝါဒ အတွက် အရေးကြီး

9 November 2014 07:51(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)
အမေရိကန် သမ္မတ အိုဘားမား အတွက် အခုတခေါက် မြန်မာပြည် ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး အတွက် သာမက အမေရိကန်ရဲ့ အာရှဒေသ ဆက်ဆံရေး အတွက်ပါ အရေးကြီးတယ် ဆိုပြီး အမေရိကန် ပြည်ထောင်စု ရဲ့ Institute of Peace USIP အဖွဲ့အစည်း က ပြောပါတယ်။

၂၀၁၂ ခုနှစ်မှာ သမ္မတ အိုဘားမား မြန်မာပြည်ကို ၆ နာရီကြာ လာခဲ့ တုန်းကတော့ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ကို အားပေးဖို့ ဖြစ်ပြီး၊ အခု အခေါက် မှာတော့ နိုင်ငံတကာ နဲ့ ဒေသတွင်း အင်အားကြီး တွေ နဲ့ပါ တွေ့ဆုံမှာ ဖြစ်လို့ ၊ သူ့လက်ထက် မှာ ဆောင်ရွက်လာတဲ့ အမေရိကန်ရဲ့ အာရှ-ပစိဖိတ် ဒေသနဲ့ ဆက်ဆံရေး အပေါ် အာရုံစိုက်တဲ့ မူဝါဒ အတွက် အရေးကြီးတဲ့ ခရီးစဉ် တစ်ခု ဖြစ်တယ် ဆိုပြီး USIP ရဲ့ အကြီးတန်း အကြံပေး ပရက်စီလာ ကလက်ပ် က သုံးသပ်ပါ တယ်။

မြန်မာ့ နိုင်ငံရေး အတွက်လည်း မစ္စတာ အိုဘားမားဟာ သမ္မတ ဦးသိန်းစိန်၊ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံမှာ ဖြစ်သလို၊ မြို့ခံ လူငယ်တွေနဲ့လည်း တွေ့ဆုံတဲ့ အစီအစဉ်တခု လုပ်ပါလိမ့်မယ် ဆိုပြီး ပရက်စီလာ ကလက်ပ် က ဘီဘီစီကို ပြောပါတယ်။

မြန်မာ အစိုးရပိုင်းကိုတော့ ရိုဟင်ဂျာ အရေး ဖြေရှင်းဖို့ ပြင်းပြင်းထန်ထန် ပြောဖို့ ရှိတယ် ဆိုပြီးတော့လည်း မစ်ကလက်ပ် က ဆိုပါတယ်။

USIP အဖွဲ့အစည်းဟာ နိုင်ငံတကာ ပဋိပက္ခတွေကို အကြမ်းမဖက် ဖြေရှင်းနိုင်ရေး စွမ်းရည်တွေ မြင့်တက်အောင် ကွန်ဂရက်စ် လွှတ်တော်ရဲ့ ရံပုံငွေနဲ့ ထူထောင်ထားတာ ဖြစ်ပြီး၊ ပရက်စီလာ ကလက်ပ် ကတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန် တစ်ဦး အနေနဲ့ ဆောင်ရွက်ဖူးသူ ဖြစ်ပါတယ်။



အာရှနဲ့ ဆက်ဆံရေး ကို အလေးပေးတဲ့ မူဝါဒကို ဖော်ဆောင်ဖို့ မြန်မာပြည် ခရီးစဉ် အပေါ် သမ္မတ အိုဘားမား အလေးထား။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ