Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 3, 2014

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မော်စကိုမှာ ရုရှားစစ်ဘက်အရာရှိများနှင့် ဆွေးနွေး

3 November 2014 17:39(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံ ကိုအသွား မော်စကိုလေဆိပ်မှာ ရုရှားစစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ နိုဝင်ဘာလ ၁ ရက်နေ့က ရန်ကုန်က ထွက်ခွာသွားပြီး ရုရှားနိုင်ငံ မော်စကိုမြို့ လေဆိပ်မှာ ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဥက္ကဋ္ဌ အလက်ဇန္ဒား ဖိုမင်နဲ့တွေ့ဆုံကာ ၂ နိုင်ငံ တပ်မတော် ၂ ရပ်အကြား စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးတတ် လုပ်ဆောင်နိုင်ရေး အပြန်အလှန် ဆွေးနွေးခဲ့ တယ်လို့ ဖော်ပြထားတာပါ။

နိုင်ငံပိုင် မီဒီယာတွေမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံကို ၀န်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာဖြစ်ပြီး နှစ်နိုင်ငံတပ်မတော် ၂ ရပ်အကြား အကျိုးတူ ကိစ္စရပ် တွေ ဆွေးနွေးတာ၊ ယဉ်ကျေးမှုဆိုင်ရာများကို လေ့လာတာတွေ လုပ်သွားမယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာတပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံကတဆင့် ဘယ်လာရုစ် နိုင်ငံမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုထဲက ခွဲထွက်ကာ သီးခြား လွတ်လပ်တဲ့ နိုင်ငံအဖြစ်ကြေညာခဲ့တာဖြစ်ပြီး မြန်မာနဲ့ ၁၉၉၉ ခုနှစ်မှာ သံတမန်ဆက်သွယ်ရေး စတင်ခဲ့ပါတယ်။

မြန်မာနဲ့ ဘယ်လာရုစ်နိုင်ငံတို့ဟာ မီဒီယာဖိနှိပ်မှုအပါအ၀င် ကမ္ဘာမှာ လွတ်လပ်မှု မရှိဆုံး နိုင်ငံတွေအဖြစ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေရဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာ ပူးတွဲသတ်မှတ် ဖော်ပြခံရလေ့ရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ