Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 17, 2014

G20 အစည်းအဝေးမှာ ရာသီဥတု၊ အလုပ်ကိုင်နဲ့ အခွန်ကိစ္စဆွေးနွေး

17 November 2014 09:29(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
သြစတြေးလျနိုင်ငံမှာ ​ကျင်းပတဲ့ ​စက်မှု ​ထိပ်သီးနိုင်ငံများ ​G20 ​အစည်းအဝေး အတွင်း ​ကမ္ဘာ့ ခေါင်းဆောင် တွေက ​ကမ္ဘာ့ငွေကြေးဌာနတွေ ​တိုးတက်မှုရှိဖို့၊ ​အလုပ်အကိုင် ​အခွင့်အရေး ​ပိုမို ​ရှိလာဖို့နဲ့ ​ကမ္ဘာ့ရာသီဥတု ​ပြောင်းလဲမှုအပေါ် ​အာရုံထားဖို့ ​သဘောတူ ခဲ့ကြပါတယ်။

G20 ​အစည်းအဝေးကို ​ပြီးခဲ့တဲ့ ​စနေနေ့နဲ့ ​တနင်္ဂနွေနေ့က ​နှစ်ရက်ကြာ ​ကျင်းပခဲ့တာ ​ဖြစ်ပါတယ်။

G20 ​အစည်းအဝေးမှာ ​အိမ်ရှင်အဖြစ် ​ကျင်းပခဲ့တဲ့ ​သြစတြေးလျနိုင်ငံ ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်ကတော့ ​ဒီအစည်းအဝေးအတွင်း ​စစ်မှန်ပြီး ​လက်တွေ့ကျတဲ့ ​ရလဒ်တွေ ​ရရှိခဲ့ပြီး ​ဒီသဘောတူညီချက်တွေကြောင့် ​ကမ္ဘာ့တဝှမ်းလုံးက ​လူတွေ ​ပိုမို ​ကောင်းစားလာနိုင်တယ်လို့ ​ပြောပါတယ်။

အလုပ်အကိုင် ​အခွင့်အလမ်း ​ပိုမိုရှိလာဖို့၊ ​စီးပွားရေးကဏ္ဍမှာ ​အမျိုးသမီးတွေ ​ပိုမိုပါဝင်လာဖို့နဲ့ ​ညစ်ညမ်းကာဗွန် ​ဓာတ်ငွေ့တွေ ​လျှော့ချဖို့အတွက် ​ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ​အချက်ပေါင်း ​၈၀၀ ​ကို ​အကောင်အထည်ဖော်ဖို့ ​သဘောတူခဲ့ကြပါတယ်။

အဲဒီလို ​လုပ်ငန်းတွေကို ​အကောင်အထည် ​ဖော်နိုင်ဖို့အတွက် ​ဆစ်ဒနီမြို့မှာ ​ကမ္ဘာ့အခြေခံ ​အဆောက်အဦးဆိုင်ရာ ​ဗဟိုဌာန ​တစ်ခုထားရှိဖို့ ​သဘောတူကြသလို ​၂၀၂၅ ​ခုနှစ်အတွင်း ​လုပ်ငန်းခွင်ကဏ္ဍမှာ ​အမျိုးသမီးတွေ ​ပါဝင်မှုကို ​၂၅% ​တိုးဖို့ ​ရည်ရွယ်ကြပါတယ်။

အဲဒီလုပ်ဆောင်ချက်ကြောင့် ​အမျိုးသမီးဦးရေ ​သန်း ​၁၀၀ ​လောက် ​လုပ်ငန်းခွင်မှာ ​ဝင်ရောက်ဖို့ ​ရှိတယ်လို့ ​ဆိုပါတယ်။ ​ငွေမည်းကို ​ငွေဖြူဖြစ်အောင် ​လုပ်ဆောင်မှုတွေ၊ ​အခွန်လိမ်မှုတွေနဲ့ ​လာဒ်စားမှုတွေကို ​တိုက်ဖျက်ဖို့လည်း ​သဘောတူကြပြီး ​နိုင်ငံတကာမှာ ​အလုပ်လုပ်ကိုင်နေတဲ့ ​ကုမ္ပဏီတွေ ​အခွန်လိမ်ညာမှုတွေ ​လုပ်နေတာကို ​၂၀၁၅ ​နှစ်ကုန်မှာ ​တိုက်ဖျက်ဖို့ ​ကြိုးစားမယ်လို့ ​ဆိုပါတယ်။

၂၀၁၅ ​ခုနှစ်ကနေ ​၂၀၂၀ ​ပြည့်နှစ်အတွင်း ​ညစ်ညမ်းကာဗွန်ဓာတ်ငွေ့တွေကို ​အဖွဲ့ဝင်နိုင်ငံတိုင်းက ​လျှော့ချကြဖို့ ​သဘောတူခဲ့ကြသလို ​သဘာဝ ​ပတ်ဝန်းကျင်နဲ့ ​ညီညွတ်တဲ့ ​လုပ်ငန်းတွေကို ​တိုးမြင့်လုပ်ဆောင်ဖို့ ​သဘောတူခဲ့ကြပါတယ်။

G20 ​ခေါင်းဆောင်တွေအနေနဲ့ ​သူတို့ရဲ့ ​သဘောတူညီချက်တွေကို ​တကယ် ​အကောင်ထည်ဖော်မလား ​မဖော်ဘူးလားဆိုတာကို ​နိုင်ငံတကာ ​ငွေကြေးရံပုံငွေအသင်း ​IMF ​က ​စောင့်ကြည့် ​သွားမှာ ​ဖြစ်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ​သဘောတူညီမှုအပေါ် ​အားရကျေနပ်မိပေမယ့် ​တကယ် ​လုပ်ဆောင်မှု ​ရှိမရှိဆိုတာကို ​စောင့်ကြည့်ရဦးမယ်လို့ ​ပြောပါတယ်။

G20 ​ခေါင်းဆောင်တွေရဲ့ ​သဘောတူညီမှုကို ​ကမ္ဘာ့ဘဏ်ကလည်း ​ကြိုဆိုလိုက်ပါတယ်။

G20 ​အစည်းအဝေးအတွင်း ​စီးပွားရေး၊ ​အလုပ်အကိုင်နဲ့ ​ကမ္ဘာ့ရာသီဥတု ​ပြောင်းလဲမှု ​အကြောင်းကို ​ဆွေးနွေးခဲ့သြသလို ​အီဘိုလာ ​ရောဂါ ​တိုက်ဖျက်ရေး ​ကိစ္စကိုလည်း ​ဆွေးနွေးခဲ့ကြပါတယ်။

လာမယ့် ​နှစ်အတွက် ​G20 ​အစည်းအဝေးကို ​တူရကီက ​လက်ခံ ​ကျင်းပမှာဖြစ်ပြီး ​၂၀၁၆ ​ခုနှစ်မှာတော့ ​တရုတ်နိုင်ငံက ​အိမ်ရှင်အဖြစ် ​လက်ခံ ​ကျင်းပဖို့ ​ရှိပါတယ်။

G20 ​ဆုံးဖြတ်ချက်တွေကို ​လူမှုအဖွဲ့နဲ့ ​ကူညီထောက်ပံ့ရေးအဖွဲ့တွေ ​ကြိုဆို

သြစတြေးလျနိုင်ငံ ​ဘရစ်စ်ဘိန်းမြို့မှာ ​ကျင်းပခဲ့တဲ့ ​G20 ​စက်မှုထိပ်သီးနိုင်ငံများ ​အသင်းရဲ့ ​ဆွေးနွေးမှု ​ရလဒ်ကို ​လူမှုအဖွဲ့အစည်းနဲ့ ​ကူညီထောက်ပံ့ရေးအဖွဲ့အစည်းတွေက ​ကြိုဆိုလိုက်ပါတယ်။

G20 ​အဖွဲ့အနေနဲ့ ​ဒီနှစ် ​အစည်းအဝေးအတွင်း ​Brisbane ​Action ​Plan ​ဆိုတဲ့ ​လုပ်ဆောင်ဖို့ ​သဘောတူကြတဲ့ ​အစီအစဉ်တစ်ရပ် ​ထွက်ပေါ်လာပြီး ​အဲဒီ ​သဘောတူညီချက်အရ ​အဖွဲ့ဝင်နိုင်ငံတွေက ​ရာသီဥတု ​ပြောင်းလဲမှုကို ​ဖြေရှင်းကြမှာ ​ဖြစ်သလို ​အလုပ်လက်မဲ့ ​ပြဿနာနဲ့ ​အခွန်ကိစ္စမှာလည်း ​ပိုပြီး ​မျှတမှု ​ရှိအောင် ​လုပ်ဆောင်ဖို့ ​သဘောတူခဲ့ကြပါတယ်။

ကမ္ဘာ့နိုင်ငံတွေကနေပြီး ​ဆင်းရဲသားတွေအတွက် ​ရည်ရွယ်ပြီး ​စီးပွားရေး ​တိုးတက်အောင် ​လုပ်ဆောင်ဖို့ ​သဘောတူညီမှု ​ရတဲ့အပေါ် ​အင်မတန် ​ဝမ်းသာမိတယ်လို့ ​World ​Vision ​အဖွဲ့က ​Tim ​Castello ​က ​ပြောပါတယ်။

နိုင်ငံတကာ ​ငွေကြေး ​ရံပုံငွေအသင်း ​IMF ​ကလည်း ​အီဘိုလာ ​ရောဂါကို ​တိုက်ဖျက်နေရတဲ့ ​အာဖရိက ​နိုင်ငံရဲ့ ​အကြွေးတွေကို ​မတောင်းတော့ပဲ ​လျော်ပစ်လိုက်ဖို့ ​အာဖရိကနိုင်ငံတချို့ကိုယ်စား ​G20 ​အဖွဲ့ဝင်တွေကို ​အသနားခံ ​စာရေးတောင်းဆိုဖို့ ​ရှိပါတယ်။

G20 ​အစည်းအဝေးအတွင်း ​ဂီနီ၊ ​လိုင်ဘေးရီးယား၊ ​ဆီယာရာလီယွန် ​နိုင်ငံမှာ ​ပြန့်ပွားနေတဲ့ ​အီဘိုလာ ​ရောဂါပိုးကို ​အတတ်နိုင်ဆုံး ​တိုက်ဖျက်ကြဖို့ ​ကမ္ဘာ့ခေါင်းဆောင်တွေက ​ဆွေးနွေးခဲ့ကြပါတယ်။

ရောဂါ ​ဖြစ်ပွားနေတဲ့ ​နိုင်ငံမှာ ​စီးပွားရေးနစ်နာမှုနဲ့ ​လူသားခြင်း ​စာနာ ​ထောက်ထားရေးအပေါ် ​နစ်နာမှုတွေ ​ဖြစ်နေတဲ့အတွက် ​အဲဒီနိုင်ငံတွေကို ​အကြွေးတွေ ​ပြန်မတောင်းဖို့ ​IMF ​က ​စာရေး ​တောင်းဆိုမှာ ​ဖြစ်ပါတယ်။

တရုတ်နဲ့ ​သြစီတို့ ​ကုန်သွယ်ရေးသဘောတူ ​လက်မှတ်ရေးထိုးဖို့ရှိ

သြစတြေးလျနိုင်ငံမှာ ​ကျင်းပခဲ့တဲ့ ​G20 ​အစည်းအဝေးကြီး ​ပြီးဆုံးသွားပြီ ​ဖြစ်ပေမယ့် ​ကမ္ဘာ့ခေါင်းဆောင်တချို့ ​သြစတြေးလျနိုင်ငံမှာ ​ရှိနေသေးပြီး ​သဘောတူညီမှု ​လက်မှတ် ​ရေးထိုးဖို့ ​ရှိနေပါတယ်။

တရုတ်နိုင်ငံ ​သမ္မတ ​ရှီကျင်ပင်းက ​ဒီကနေ့မှာ ​ကင်ဘာရာမြို့က ​ပါလီမန်ကို ​လည်ပတ်ဖို့ရှိပြီး ​ဒီကနေ့မှာပဲ ​သြစတြေးလျနဲ့ ​တရုတ်နိုင်ငံအကြား ​လွတ်လပ်စွာ ​ကုန်သွယ်ရေး ​သဘောတူညီချက် ​လက်မှတ် ​ရေးထိုးနိုင်တယ် ​ဆိုတဲ့ ​အကြောင်း ​သိရပါတယ်။

သြစတြေးလျနိုင်ငံဟာ ​တရုတ်နိုင်ငံနဲ့ ​လွတ်လပ်စွာ ​ကုန်သွယ်ရေး ​သဘောတူညီမှု ​ရဖို့ ​၂၀၀၅ ​ခုနှစ်ကတည်းက ​ကြိုးပမ်းလာတာဖြစ်ပြီး ​အဲဒီအချိန်တုန်းက ​နယူးဇီလန်ကလည်း ​တရုတ်နဲ့ ​လွတ်လပ်စွာ ​ကုန်သွယ်ရေးလုပ်ဖို့ ​ကြိုးစားချိန်ဖြစ်ပါတယ်။

ဒါပေမဲ့ ​နယူးဇီလန်ကတော့ ​၂၀၀၈ ​ခုနှစ်ကတည်းက ​တရုတ်နိုင်ငံနဲ့ ​သဘောတူညီချက် ​ရယူနိုင်ခဲ့တဲ့အတွက် ​အခုဆိုရင် ​ကုန်သွယ်ရေး ​နှစ်ဆ ​တိုးမြင့်နိုင်ခဲ့ပြီ ​ဖြစ်ပါတယ်။

သြစတြေးလျကတော့ ​၂၀၁၄ ​ခုနှစ်အထိ ​သဘောတူညီမှု ​ရယူနိုင်ခြင်းမရှိပေမယ့် ​ဒီကနေ့မှာတော့ ​သဘောတူညီမှု ​လက်မှတ် ​ရေးထိုးနိုင်တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်လာတာ ​ဖြစ်ပါတယ်။

ဂျာမနီနဲ့လည်း ​ဆက်ဆံရေးတိုးမြင့်မယ်

ဂျာမနီ ​ဝန်ကြီးချုပ် ​Angela ​Markel ​ကလည်း ​ဒီကနေ့ ​ဆစ်ဒနီမြို့ကို ​ရောက်ရှိနေပြီး ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်နဲ့ ​တွေ့ဆုံမှာ ​ဖြစ်ပါတယ်။

ဂျာမနီနဲ့ ​သြစတြေးလျအကြား ​ရင်းနှီးမြုပ်နှံမှု ​တိုးမြင့်ဖို့ ​သဘောတူလက်မှတ် ​ရေးထိုးကြဖို့ ​ရှိပါတယ်။

သြစတြေးလျနိုင်ငံမှာ ​ဂျာမနီပိုင် ​စီးပွားရေး ​အခုပေါင်း ​၇၀၀ ​လောက်ရှိပြီး ​အများအားဖြင့် ​မော်တော်ကား ​ကုမ္ပဏီနဲ့ ​သန့်စင်စွမ်းအင် ​ထုတ်လုပ်တဲ့ ​ကုမ္ပဏီတွေ ​ပါဝင်ပါတယ်။

ဂျာမနီနိုင်ငံဟာ ​သြစတြေးလျအတွက် ​ကုန်သွယ်မှု ​အများဆုံး ​နိုင်ငံထဲက ​အဆင့် ​၁၀ ​မြောက် ​နိုင်ငံ ​ဖြစ်ပါတယ်။



အမေရိကန် သမ္မတ အိုဘားမား၊ သြစီ ဝန်ကြီးချုပ် တိုနီအာဘော့တ်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေတို့ကို တွေ့ရစဉ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ