Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 17, 2014

ISIS စစ်သွေးကြွ များက အမေရိကန် ဓားစာခံတစ်ဦးကို ကွပ်မျက်နေသည့် ဗီဒီယို ထွက်ပေါ်လာ

17 November 2014 09:29(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
ဝါရှင်တန် ၊ ၁၇-၁၁-၂၀၁၄

ISIS စစ်သွေးကြွ များသည် ဖမ်းဆီးခံ အမေရိကန် အကူအညီ ပေးရေးလုပ်သား အဘဒူရာမန် ကက်ဆစ် ကို ကွပ်မျက်နေသည့် ဗီဒီယို ကို လွှင့်တင် ခဲ့ကြောင်း သိရသည်။

မျက်နှာဖုံးစွပ် ထားသော ISIS စစ်သွေးကြွ တစ်ဦးက ခေါင်းပြတ် တစ်လုံးပေါ်တွင် ရပ်ပြကာ ကွပ်မျက်ခံ ရသူမှာ Peter Kassig ဖြစ်သည်ဟု ဗီဒီယိုတွင် ရိုက်ကူးပြသ ထားပြီး ဆီးရီးယား တပ်ဖွဲ့ဝင်များ ကို အစုလိုက် အပြုံလိုက် ခေါင်းဖြတ် ကွပ်မျက် နေသည်ကိုလည်း တစ်ဆက်တည်း ရိုက်ကူး ပြသထားသည်။ အဆိုပါ စစ်သွေးကြွကို ဂျီဟာဒီဂျွန် ဟု သိထားကြသည်။ အမေရိကန် ပြည်ထောင်စု က အဆိုပါ ဗီဒီယိုပြကွက် သည် အစစ်အမှန် ဟုတ်၊ မဟုတ် စစ်ဆေး နေကြောင်း သိရသည်။

အဘဒူရာမန် ကက်ဆစ် ကို Peter Kassig ဟုလည်း ခေါ်ကြပြီး ၄င်းကို ISIS စစ်သွေးကြွ တို့က ယမန်နှစ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု အင်ဒီယာနာ ပြည်နယ်၌ နေထိုင်လျက် ရှိသော Peter Kassig ၏ မိသားစုက မိမိတို့သည် အတည်ပြုချက် တစ်ရပ် ထွက်ပေါ် လာမည့် အချိန်ကို စောင့်မျှော် နေကြောင်း၊ ယခုချက်ချင်း ဘာမှ ထပ်ပြောစရာ မရှိကြောင်း ပြောသည် ဟု သိရသည်။

ISIS စစ်သွေးကြွ တို့သည် ယခင်ကလည်း လူသတ် ကွပ်မျက်နေသည့် ဗီဒီယိုဖိုင် များကို အင်တာနက်တွင် လွှင့်တင် ခဲ့ဖူးရာ ယခုတစ်ကြိမ် လွှင့်တင်သော ဗီဒီယိုဖိုင်ကို ပြည့်ပြည့်စုံစုံ ဖြစ်အောင် အကျအန ရိုက်ကူး ထားသည်ကို တွေ့ရသည်။ အီရတ်နှင့် ဆီးရီးယား တို့ကို ဂျီဟတ် စစ်သွေးကြွများ အမြင်တွင် ဒဏ်ခတ်နေသည့် မှတ်တမ်းအသွင် ရိုက်ကူးထားပြီး ဆီးရီးယား အကျဉ်းသား များကို ခေါင်းဖြတ် ကွပ်မျက် နေသည်ကိုလည်း အသေးစိတ် တစ်ကွက်ချင်း ရိုက်ပြ ထားကြောင်း သိရသည်။

ဖမ်းဆီးခံထား ရသူများကို အပေါ်အောက် တစ်ဆက်တည်း ဝတ်စုံများ ဝတ်ဆင်ပေး ထားပြီး ISIS စစ်သွေးကြွ တို့က သွေးအေးအေး ဖြင့် ကွပ်မျက်နေ သည့်ပုံကို ရိုက်ကူးပြသ ထားပြီး စစ်သွေးကြွ တစ်ဦးက ''ဒါကတော့ Peter Kassig ပဲ '' ဟု ခေါင်းပြတ် တစ်လုံးကို ခွရပ်ကာ ပြောပြနေသည် ကို ရိုက်ကူး ထားသည်။ Peter Kassig သည် အမေရိကန် ရဲဘော်ဟောင်း တစ်ဦးဖြစ်ပြီး နောက်ပိုင်း တွင် အစ္စလာမ် ဘာသာဝင် အဖြစ် ခံယူကာ အမည် ကိုလည်း အဘဒူလ်ရာမန် ဟု ပြောင်းထားခြင်း ဖြစ်ကြောင်း သိရသည်။

မဟာမိတ် လေကြောင်း ထိုးစစ်ကြောင့် မိုဆူမြို့နှင့် ဟာဒစ်သာ ဆည် ကဲ့သို့ အဓိကကျသော နေရာများကို လက်လွှတ်ဆုံးရှုံး ခဲ့ရသည့် အပြင် ကိုဘာနီမြို့ ကိုလည်း သိမ်းပိုက်ခြင်းငှာ မစွမ်းသာ ဖြစ်နေသော ISIS စစ်သွေးကြွ တို့က မခံမရပ်နိုင် တော့သည့်အဆုံး Peter Kassig ကို ကွပ်မျက်ပြ လိုက်ခြင်း ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေပြီး အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီ ကလည်း ယမန်နေ့ က ထုတ်လွှင့် လိုက်သော ဗီဒီယိုဖိုင် ပြကွက်များသည် အစစ်အမှန်များ ဟုတ်၊ မဟုတ် အတည်ပြု နိုင်ရန် စစ်ဆေးနေပြီ ဖြစ်သည်ဟု သိရှိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ