Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

မြောက်ကိုရီးယား ICC ခုံရုံးတင်ရေး ကြိုးပမ်းဖို့အဆို ကုလအတည်ပြု

19 November 2014 11:17(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က)
လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် မြောက်ကိုရီးယားနိုင်ငံကို ICC လို့ခေါ်တဲ့ နိုင်ငံတကာခုံရုံး တင်သင့် မတင့်သင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ စဉ်းစားဆုံးဖြတ်ပေးဖို့ တောင်းဆိုချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မဲခွဲအတည်ပြုလိုက်ပါတယ်။

ဥပဒေတခုလို မဖြစ်မနေ လိုက်နာစရာမလိုတဲ့ ဆုံးဖြတ်ချက်ကို ဂျပန်နိုင်ငံနဲ့ EU ဥရောပသမဂ္ဂတို့က မူကြမ်းရေးဆွဲခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ တခဲနက် အတည်ပြုခဲ့ကြတာပါ။

အဲဒီဆုံးဖြတ်ချက်မူကြမ်းကို ဖေဖော်ဝါရီလမှာ ပြုစုခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် အခြေခံ ရေးဆွဲထားတာဖြစ်ပြီး ဒီအစီရင်ခံစာထဲမှာ မြောက်ကိုရီးယားနိုင်ငံအတွင်း ဆယ်စုနှစ်နဲ့ ချီပြီးတော့ ဖြစ်နေခဲ့တဲ့ သွေးအေးတဲ့ သတ်ဖြတ်မှုတွေ အပါအ၀င် ညှဉ်းပန်းနှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ အစုလိုက် အပြုံလိုက် အစာငတ်ထားတဲ့ အမှုတွေကို ဖော်ပြထားပါတယ်။

ဒီလိုကျူးလွန်မှုတွေကြောင့် မြောက်ကိုရီးယားနိုင်ငံကို ICC ရာဇ၀တ်တရားရုံး ပို့သင့်တယ်ဆိုပြီးတော့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာက တောင်းဆိုထားတာပါ။ မြောက်ကိုရီးယားနိုင်ငံကတော့ ဒါကို ထပ်ခါတလဲလဲ ငြင်းဆိုထားပြီး အမေရိကန် ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ မြောက်ကိုရီးယားအစိုးရကို သိက္ခာချပြီး ခေါင်းဆောင်ပိုင်းကို ပြုတ်ကျသွားအောင် ကြိုးပမ်းနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို နောက်လမှာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဆွေးနွေးဖွယ်ရှိပြီး အတည်ပြုနိုင်တဲ့ အလားအလာ ရှိနေပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ