Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

ဂျူးဘုရားကျောင်းတိုက်ခိုက်မှု သေဆုံးသူ ၅ ဦးရှိပြီ

19 November 2014 11:16(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က)
အစ္စရေးလ်နိုင်ငံ ဂျေရုဆလင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု အတွင်း ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တဦး ထပ်မံ သေဆုံးသွားတဲ့ အတွက် သေဆုံးသူ အရေအတွက် စုစုပေါင်း ၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အသားခုတ်တဲ့ ဓားမတချောင်း အပါအ၀င် ဓားတွေနဲ့ သေနတ်တလက် ကိုင်ဆောင်ထားတဲ့ ပါလက်စတိုင်းလူမျိုး နှစ်ယောက်ဟာ ဂျေရုဆလင်မြို့မှာရှိတဲ့ ဂျူးဘုရားရှစ်ခိုးကျောင်း တခုအတွင်းကို အင်္ဂါနေ့ မနက်ပိုင်းက ၀င်ရောက် တိုက်ခိုက်တာပါ။ နောက်ပိုင်းမှာ တိုက်ခိုက်သူတွေကို ရဲက ပစ်သတ်လိုက်ပါတယ်။

ဂျေရုဆလင်မှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး သွေးစွန်းတဲ့ တိုက်ခိုက်မှုဖြစ်ပြီး အခင်းဖြစ်ပွားတဲ့ နေရာဟာ အနောက်နိုင်ငံတွေကနေ ပြောင်းရွှေ့လာကြတဲ့ ရှေးရိုးစွဲ ဂျူးဘာသာဝင်တွေ နေထိုင်ကြတဲ့ ရပ်ကွက်လည်း ဖြစ်ပါတယ်။

သေဆုံးတဲ့ အရပ်သားတွေဟာ အစ္စရေးလ်လူးမျိုးတွေဖြစ်ပြီး၊ နိုင်ငံနှစ်ခုရဲ့ နိုင်ငံသားတွေအဖြစ် ခံယူထားကြသူတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သုံးယောက်ဟာ အမေရိကန်နိုင်ငံသား ခံယူထားကြသူတွေဖြစ်ပြီး တဦးကတော့ ဗြိတိသျှနိုင်ငံသား ဖြစ်ပါတယ်။ သူတို့ဟာ ဂျူးဘာသာရေး တရားဟောဆရာတွေ ဖြစ်ကြတယ်လို့ အစ္စရေးလ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ကနေဒါနိုင်ငံသားတဦး အပါဝင် လူ ၇ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ ဂျေရုဆလင်နဲ့ ဂါဇာအနောက်ဘက်ခြမ်း နေရာတွေမှာ ပြီးခဲ့တဲ့လကစပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေရာမှာ တစထက်တစ ပိုပိုပြီးတော့ ပြင်းထန်လာနေတာပါ။ ပါလက်စတိုင်းခေါင်းဆောင် မာမွတ် အာဘတ်စ် က တိုက်ခိုက်မှုကို ရှုံ့ချလိုက်ပါတယ်။

အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင် နတန်ရာဟု ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ လက်တုံ့ပြန်ရလိမ့်မယ်လို့ ပြောဆိုလိုက်ပြီး၊ တိုက်ခိုက်သူ ၂ ဦးရဲ့ အိမ်တွေကို ဖျက်ဆီးပစ်ဖို့နဲ့ အကြမ်းဖက်မှုရဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးပစ်ဖို့ ရဲတပ်ဖွဲ့ကို အမိန့်ပေးလိုက်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ