Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 18, 2014

ခေါင်းဖြတ်သတ်တဲ့ IS ဗွီဒီယိုထဲ ပြင်သစ်တဦးပါဝင်

17 November 2014 23:09(+0630) (လွန်ခဲ့သော 20 နာရီ ခန့်က)
အမေရိကန် အကူအညီ ပေးရေး လုပ်သား Abdul-Rahman Kassig ကို သတ်ဖြတ်မှုမှာ ပါဝင်တဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေထဲမှာ ပြင်သစ်နိုင်ငံသား တဦးလည်း ပါဝင်တယ်လို့ ပြင်သစ် အစိုးရ ကပြောပြီး ဗြိတိသျှ အမျိုးသား တစ်ယေက်ကလည်း အဲဒီသတ်ဖြတ်နေ သူတွေထဲ သူ့သားလည်း ပါတယ်လို့ သူယုံကြည်ကြောင်း ပြောပါတယ်။

Mr.Kassig ရဲ့ ဦးခေါင်းပုံပါပြီး အဲဒီ ပြင်သစ်အမျိုးသားဟာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က Syria နိုင်ငံကို ထွက်သွားတဲ့ အသက် ၂၂ နှစ်အရွယ် Maxime Hauchar ဖြစ်တယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက အတည်ပြုသွားပါတယ်။

Mr.Kassig နဲ့ Syria စစ်သား ၁၈ ဦးမကကို ခေါင်းဖြတ်သတ်တဲ့ ၁၆ ဦး ဂျီဟတ်အုပ်စုထဲမှာ နောက်ထပ် ပြင်သစ်နိုင်ငံသားတဦးလည်းပါဝင်နေတာ ဟုတ်မဟုတ်ကိုလည်း ပြင်သစ်အာဏာပိုင်တွေ အတည်ပြုဖို့ ကြိုးစားနေပါတယ်။ Mr.Kassig ဟာ စစ်ဒဏ်သင့် ဆီးရီးယားနိုင်ငံအတွင်း လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်ရင်း လွန်ခဲ့တဲ့ တနှစ်ကျော်က ဖမ်းဆီးခံခဲ့ရတာပါ။

သူလို့ပဲ ဖမ်းခံရသူတဦး ခိုးထုတ်လာတဲ့ စာတစောင်မှာတော့ Mr.Kissag က သူ့ကံကြမ္မာနဲ့ပတ်သက်လို့ စာရေးပြီး ပြောခဲ့တာမှာ- တကယ်လို့ ကျနော် သေသွားခဲ့ရင် အနည်းဆုံးတော့ ဒုက္ခရောက်ပြီး အကူအညီလိုအပ်နေသူတွေကို ဖေးမရင်း ဒီလို သေဆုံးရတာလို့ ကျနော်ရော မိဘတွေရော သိပြီး စိတ်သက်သာရ ရတာပေါ့လို့ ရေးထားပါတယ်။ သမ္မတအိုဘားမားကတော့ ဒီ သတ်ဖြတ်မှုကို ရှုတ်ချပြီး ဒါဟာ မိစ္ဆာတို့ရဲ့လုပ်ရပ်စစ်စစ်ဖြစ်တယ်လို့ ဝေဖန်သွားပါတယ်။

သတ်ခံရသူ အသက် ၂၆ နှစ်အရွယ် Mr.Kassig ဟာ အမေရိကန် စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး သူများနဲ့မတူ ထူးခြားတဲ့ စံတန်ဖိုးတွေနဲ့ အကူအညီ လိုအပ်သူ မည်သူ့ကိုမဆို အသက်ကို ပဓာနမထားဘဲ အကူအညီပေးခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ပြောပါတယ်။ Mr.Hagel ကပဲ အမေရိကန်ပြည်ထောင်စုဟာ IS အဖွဲ့ကို ချေမှုန်းသွားဖို့ သံန္နိဌာန်ချထားတယ်လို့ ပြောသွားပါတယ်။

ဒီအတောအတွင်းမှာပဲ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်တဲ့ ၁၆ မိနစ်ကြာ ဗွီဒီယိုထဲက သူပုန်တယောက်က သူ့ရဲ့ အသက်၂၀ အရွယ် သားဖြစ်သူ ဆေးကျောင်းသား Nasser Muthana နဲ့ တူတယ်လို့ ဝေလနယ်သား Ahmed Muthana က ပြောပါတယ်။


ဆီးရီးယားနယ်စပ်မှာ စစ်ဘေးသင့်ဒုက္ခသည်တွေကို ကူညီပေးနေခဲ့တဲ့ Abdul-Rahman Kassig 


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ