Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 17, 2014

ကန်တဦးကို ခေါင်းဖြတ် သတ်ကြောင်း IS ကြေညာ

17 November 2014 00:07(+0630) (လွန်ခဲ့သော 18 နာရီ ခန့်က)
IS စစ်သွေးကြွအဖွဲ့ဟာ သူတို့ဖမ်းဆီးထားတဲ့ အမေရိကန် အကူအညီ ပေးရေး ၀န်ထမ်း Abdul-Rahman Kassig ကို ခေါင်းဖြတ် သတ်လိုက်ပြီဆိုပြီး တနင်္ဂနွေနေ့က အင်တာနက်ပေါ်တင်တဲ့ သူတို့ရဲ့ ဗွီဒီယိုဖိုင်တခုမှာ ပြောထားပါတယ်။ သူတို့ထုတ်ပြန်တဲ့ ဒီ ဗွီဒီယိုဖိုင်ဟာ အမှန်ဟုတ်မဟုတ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးသိနိုင်ဖို့ အမေရိကန် ထောက်လှမ်းရေး အ၀န်းအ၀ိုင်းက စုံစမ်း ဆောင်ရွက်နေတယ်လို့ အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရ အမျိုးသမီး Bernadette Meehan က ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ Abdul-Rahman Kassig ဟာ အမေရိကန်စစ်သားဟောင်း တဦးဖြစ်ပြီးတော့ ဆီးရီးယားနိုင်ငံတွင်း လူသားချင်းစာနာ ကူညီမှုလုပ်ငန်းတွေမှာ လုပ်ကိုင်ဆောင်ရွက်နေစဉ် လွန်ခဲ့တဲ့ ၁၃ လလောက်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ဖမ်းဆီးခံနေရစဉ်မှာ အစ္စလာမ် ဘာသာကူးပြောင်းခဲ့ပြီး သူ့မူလအမည် ရှေ့အမည် Peter ကိုလည်းပြောင်း Abdul-Rahman အဖြစ် ပြောင်းခဲ့တယ်လို့ သူ့မိသားစုက ပြောပါတယ်။

မိခင်ဖြစ်သူ Paula Kassig က NBC ရုပ်သံဌာနကို ပြောခဲ့ရာမှာတော့ သူနဲ့သူခင်ပွန်းဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ ရက်သီတင်းပတ်အနည်းငယ်တုန်းက သူတို့သားဆီက အသံဖိုင်တခု လက်ခံရတယ်လို့ ပြောပါတယ်။ အဲဒီမှာတော့ သူ့ရဲ့နောက်ဆုံးအချိန်ရောက်နေပြီဆိုပြီး စိုးရိမ်ထိတ်လန့်မှု ဖြစ်နေတဲ့အကြောင်း ပြောထားတယ်လို့ ဆိုပါတယ်။ IS စစ်သွေးကြွတွေရဲ့ ဗွီဒီယိုဖိုင်တွေအရ အရင် ခေါင်းဖြတ်သတ်ခံရသူသုံးဦးကတော့ အမေရိကန်သတင်းထောက် James Foley နဲ့ Steven Sotloff ၊ ဗြိတိန် အကူအညီပေးရေးလုပ်သား David Haines တို့ဖြစ်ကြပါတယ်။



Abdul-Rahman (Peter) Kassig


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ