Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 17, 2014

ဖိလစ်ပိုင်အစိုးရတပ်နှင့် အကြမ်းဖက်များ တိုက်ပွဲဖြစ်

17 November 2014 02:44(+0630) (လွန်ခဲ့သော 16 နာရီ ခန့်က)
မနီလာ နိုဝင်ဘာ ၁၆

ဖိလစ်ပိုင်နိုင်ငံ စူးလူးတွင် အဘူဆေ ယက်ဖ်အစွန်းရောက် အဖွဲ့နှင့် သောကြာနေ့ တွင် တိုက်ပွဲဖြစ်ပွားရာ တပ်ဖွဲ့ဝင် ငါးဦး သေဆုံး၍ ၂၆ ဦး ဒဏ်ရာ ရကြောင်း စစ်ဘက် က ပြောကြားသည်။

စူးလူးမှ တီလီပါအိုမြို့တွင် အဘူဆေ ယက်ဖ် အဖွဲ့ဝင် ၃ဝဝ ခန့်နှင့် အင်အား ၈ဝ ရှိသော အစိုးရတပ်တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့တပ်မှူး ဗိုလ်မှူးကြီး အလန်အာရိုဂျာဒိုက ပြောကြားသည်။

အယ်လ်ခိုင်ဒါနှင့် ဆက်ဆံမှုရှိသည့် အဘူ ဆေယက်ဖ်အဖွဲ့ကို ဘက်စုံစစ်ဆင်ရေးစတင် ချိန်ကတည်းက ယခုကဲ့သို့ မမျှော်လင့်ဘဲ ရင်ဆိုင်တိုက်ပွဲဖြစ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

အစ္စလာမ္မစ်အကြမ်းဖက်အုပ်စုမှ အဖွဲ့ဝင် လေးဦးသေဆုံးခဲ့သည်။
သတင်းများအရ ပြန်ပေးငွေ ပေးအပ် သဖြင့်ဖမ်းဆီးထားသော ဂျာမန်များကို လွန်ခဲ့ သည့်လတွင် ပြန်လွှတ်ပေးပြီးနောက် စူးလူးရှိ အဘူဆေယက်ဖ်အဖွဲ့ကို စစ်ဘက်က ဘက် ပေါင်းစုံမှ စစ်ဆင်ရေးဆင်နွှဲလျက်ရှိသည်။

၎င်းအဖွဲ့သည် အနောက်ပိုင်း မင်ဒါနာကို နေရာအနှံ့အပြားတွင် နိုင်ငံခြားသားများနှင့် ပြည်တွင်းဓားစာခံများကို ဖမ်းဆီးချုပ်နှောင် ထားရှိသည်။

မပြောနိုင်

အစိုးရတပ်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြ သောအကြမ်းဖက်အုပ်စုမှာ အစွန်းရောက်အုပ်စု ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ရာဒူ လန်ရှာဟီရွန်၏ လက်အောက်မှ အုပ်စုဖြစ် ကြောင်း၊ တိုက်ပွဲတွင် ၄င်းပါဝင်မှုရှိ၊မရှိမှာ မပြောနိုင်ကြောင်း တပ်မှူး အာရိုဂျာဒိုက ပြောသည်။

အရေးပါသော ရင်ဆိုင်တိုက်ပွဲဖြစ်ကြောင်း၊ ယခုအခါတိုက်ပွဲပြီးဆုံးသွားသော်လည်း အစွန်း ရောက်အကြမ်းဖက်များနောက်သို့ လိုက်လံရှာ ဖွေလျက်ရှိကြောင်း ၄င်းက ဆက်လက်ပြော ကြားသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့မှဗိုလ်မှူး အဒီလ် ဘာတိုအရမ်ပိုနီက မြေပြင်တပ်ဖွဲ့များကို လေ ကြောင်းမှ စစ်ကူပေးကြောင်းပြောသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ