Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 17, 2014

အီရတ်၌ ကုန်တင်ကား ယာဉ်မောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်း ၄၀ ISIL တို့၏ ပြန်ပေးဆွဲခံရ

17 November 2014 09:30(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
ဘဂ္ဂဒက် နိုဝင်ဘာ ၁၆

အီရတ်အနောက်ပိုင်း အန်ဘာပြည်နယ်မှ မြောက်ပိုင်း ဆလာဟွတ်ဒင်သို့ ဆက်သွယ်ထားသော အမြန်လမ်းမ တစ်လျှောက်၌ ကုန်တင်ကား ယာဉ်မောင်းများနှင့် စီးပွားရေး လုပ်ငန်းရှင် ၄ဝ ကို ISIL တက်ဖီရီ စစ်သွေးကြွများက ပြန်ပေး ဆွဲသွားကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ပြန်ပေးဆွဲခံရသူများသည် ၎င်းတို့၏ ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ရန် ခရီးသွားနေစဉ် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း အန်ဘာပြည်နယ် အရာရှိက ပြောခဲ့သည်။ စစ်သွေးကြွများသည် အဆိုပါယာဉ်များကို ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြန်ပေးဆွဲနေစဉ်အတွင်း နှစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့သည်ဟု ဆိုသည်။ ကျန်ရှိသော ပြန်ပေးဆွဲခံရသူများ မည်သို့ဖြစ်ပျက်သွားသည်ကို မသိရသေးပေ။

ယခုသတင်းပတ်အစောပိုင်းကလည်း ISIL စစ်သွေးကြွများက တီကရစ်မြို့မြောက်ပိုင်း အရှေ့ဘက် ဆွန်နီမျိုးနွယ်စုများဒေသ၌ ညမထွက် ရအမိန့်ထုတ်ပြီး နောက်ပိုင်းတွင် လူ ၅ဝ ကို ပြန်ပေးဆွဲခဲ့သည်။

စစ်ဒဏ်ခံစားနေရသော ဆီးရီးယားနယ်စပ်ရှိ အန်ဘာပြည်နယ်သည် ISIL အင်အားစုများ၏ အဓိကခြေကုပ်စခန်းလည်းဖြစ်လာခဲ့ပြီး ၎င်းတို့သည် တဖြည်းဖြည်း နယ်မြေချဲ့ထွင် သိမ်းပိုက်မှုများ ပြုလုပ်ခဲ့သည်။

ISIL တို့သည် ဆီးရီးယားနယ်မြေ အတော်များများကိုလည်း သိမ်းပိုက်ထားပြီး ပထမဆုံးအုပ်စုကို အီရတ်နိုင်ငံသို့ ဇွန်လက စေလွှတ်ခဲ့ပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက် နယ်မြေများကို သိမ်းပိုက်ခဲ့ကြသည်။

၎င်းတို့သည် ပြည်သူများကိုခေါင်းဖြတ်သတ်ခြင်း၊ ကားစင်တင်ခြင်း အစရှိသည်တို့ကို ရက်စက်ကြမ်းကြုပ်စွာ ပြုလုပ်လျက်ရှိသည်။

အီရတ်တပ်ဖွဲ့ဝင်များကလည်း ISIL တို့ကို တန်ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ တိုက်ပွဲများအဆက်မပြတ် ဖြစ်ပွားလျက်ရှိသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ