Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 22, 2014

Microsoft ကုမ္ပဏီက စက်ရုပ် အစောင့်ချ

22 November 2014 10:43(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က)
ငါးပေနီးပါးမြင့်ပြီး ပေါင် ၃၀၀ နီးပါးအလေးချိန်ရှိတဲ့ စက်ရုပ်အများ အပြားကို အမေရိကန် ပြည်ထောင်စု၊ ဆီလီကွန် ဗဲလီးက Microsoft ကုမ္ပဏီဝင်းထဲမှာ လုံခြုံရေး အစောင့်တွေအဖြစ် ကင်းလှည့်စောင့်ကျပ်ဖို့ မကြာသေးခင်က စပြီးအသုံးပြုပါတယ်။

လေဆာတွေ၊ ကင်မရာတွေနဲ့ အာရုံခံကိရိယာအမျိုးမျိုး တပ်ဆင်ထားတဲ့ အလိုအလျောက်ရွေ့လျားတဲ့ စက်တွေကိုတော့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် ငလျင်ဒဏ်သင့်သူတွေကို ရှာဖွေတဲ့နေရာမှာ အသုံးပြုနေပါပြီ။ ဒါပေမဲ့လည်း အမေရိကန် ဆော့ဖ်ဝဲကုမ္ပဏီကြီးက ကျည်ဆံပုံစံ စက်ရုပ်တွေကို အသုံးပြုပြီးတော့ နောက်တဆင့် တက်လိုက်တာပါ။

K5 လို့ခေါ်တဲ့ အဲဒီစက်ရုပ်တွေဟာ အပြင်မှာ လှည့်ပတ်ရွေ့လျားသွားလာပြီး လူသားအစောင့်တွေ လုပ်သလိုပဲ ဂိုဒေါင်တွေ၊ ကား ရပ်တဲ့နေရာတွေမှာ သူတို့မှာတပ်ထားတဲ့ HD ကင်မရာတွေနဲ့ အာရုံခံကိရိယာအမျိုးမျိုးကို အသုံးပြုပြီး လှည့်ပတ် စစ်ဆေးတာပါ။

ကားတွေရဲ့ လိုင်စင်နံပါတ်တွေကို ဖတ်နိုင်ပြီးတော့ သိမ်းထားတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်သလို ပုံမှန်မဟုတ် တဲ့အခြေအနေတွေ ကို စူးစမ်းလေ့လာပြီး ကြီးကြပ်သူတွေဆီ အစီရင်ခံနိုင်ပါတယ်။
သူတို့မှာ လက်နက်တော့ တပ်မထားပါဘူး။ အဲဒီအစား အခြေအနေကို စူးစမ်းလေ့လာပြီးတဲ့နောက် လိုအပ်သလို ဖြေရှင်းတာ ဒါမှမဟုတ် အသံနဲ့အချက်ပေးပြီး လူက လာလုပ်နိုင်အောင် ခေါ်ယူတာတွေလုပ်ဖို့ ပရိုဂရမ်ထည့်သွင်းထားတာပါ။ ဘက်ထရီက ၂၄ နာရီခံပြီး အချိန်ပြည့်သွားရင် စခန်းဆီပြန်ပြီးတော့ မိနစ် ၂၀ ကြာ ဘက်ထရီပြန်ဖြည့်ရပါတယ်။


K5 security robot စက်ရုပ်အစောင့်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ