Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, August 8, 2014

(၂၂)-တူနီးရှားနိုင်ငံကန္နာရအတွင်း ရေပြင်တစ်ခုထွက်ပေါ်လာ

တူနီးရှားနိုင်ငံတောင်ပိုင်းတွင် နှစ်ပေါင်းများစွာကတည်းက ချောက်သွေ့မှုအတိပြီးသော ကန္နာရတစ်ခုအတွင်း ရုတ်တရက် ရေပြင်တစ်ခု ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါတယ်။


၎င်းရေပြင်၏ အနက်မှာ ၃၂ ပေ မှ ၆၀ ပေအထိ ရှိပါတယ်။ အဆိုပါရေပြင်သည် အစပိုင်းတွင်ကြည်လင်မှုရှိပြီး ယခုအခါမှာတော့ အစိမ်းရောင်ဘက် သန်းသွားကြောင်းသိရှိရပါတယ်။

တူနီးရှားနိုင်ငံသားများကတော့ ၎င်းရုတ်တရက်ထွက်ပေါ်လာသော ရေပြင်ကြောင့် သြံ့အားသင့်နေကြပြီး အပြစ်ဒဏ်တစ်ခုခု၏ နိမိတ်တစ်ခုဖြစ်ကြောင်း ကောက်ချက်ချသလို ဖန်ဆင်းရှင်၏ တန်းခိုးတော်အရဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သတ်မှတ်နေကြပါတယ်။

တူနီရှားအစိုးရအနေဖြင့် ၎င်းရေပြင်တွင် ရေချိုးခြင်းကြောင့် အန္တရယ်ဖြစ်ပေါ်နိုင်ကြောင်း အသိပေးပြောကြားထားသော်လည်း ယခုအခါမှာတော့ ၎င်းရေပြင်တွင် ရေချိုးရန် ရောက်ရှိနေသူများ၊ ရေစိမ်ရန် ရောက်ရှိနေသူများနဲ့ စီကားနေပါတယ်။

ယခုအချိန်ထိတော့ ရေပြင်ဟာ ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာကို အတိအကျမသိရှိရသေးပါဘူး။ ဒေသခံမြေပထ၀ီကျွမ်းကျင်သူတစ်ဦး၏ ပြောပြချက်မှာ ၎င်းရေပြင်ဖြစ်ပေါ်လာသော မြေပြင်မှာ မြေပြင်အနေအထားအရ
ငလျှင်ကြောတစ်ခုတွင် ကျရောက်နေခြင်းကြောင့် ယခုကဲ့သို့ ရေပြင်ဖြစ်ပေါ်လာရသည်ဟု ပြောကြားထားကြောင်းကို Daily Pakistan သတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ