Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, August 8, 2014

(၂၁)-ဖမ်းမိ လောင်းကစားတီဗီဂိမ်းများအား ၀ တပ်ဖွဲ့ဖျက်ဆီး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့နယ် မိုင်းပေါက်ကျေးရွာအုပ်စု UWSA ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်နယ်မြေ၌ ဖမ်းဆီးရမိသည့် လောင်းကစားတီဗီဂိမ်းများအား ယမန်နေ့က မီးရှို့ ဖျက်ဆီးလိုက်သည်ဟု ဒေသခံများကပြောသည်။


UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၄၆၈ ဌာနချုပ်အခြေစိုက်ရာ မိုင်းပေါက် ( မိုင်းပေါက်ခရိုင်/ ဝ ဖွဲ့စည်းအုပ်ချုပ် အရ) ဒေသအတွင်း ရာဘ အပြား ၉ သောင်း၊ အိုက်စ် ၃ ကီလို၊ သေနတ်တို/ရှည် ၅၀ လက်၊ ဘိန်းမည်း ၃ ပိဿာ၊ လောင်းကစား တီပီဂိမ်းစက် အစုံ ၃၀ ဖမ်းဆီးရခဲ့ သည်ဟု ဆိုသည်။

သို့သော် ယမန်နေ့ မိုင်းပေါက်ခရိုင် အားကစားကွင်း၌ မီးရှို့ပြသသည့် ပစ္စည်းများသည် မူးယစ်ဆေးဝါး များမပါရှိဘဲ တုဂိမ်းပါ (ငါးရုပ် လောင်းကားစား တီဗွီဂိမ်း) အစုံ ၃၀ သာဖြစ်သည်ဟု ဆိုသည်။

“မူးယစ်ဆေးဝါးတွေကို ဖမ်းတယ်။ တရားခံတွေကို အလုပ်ကြမ်း သွားလုပ်ခိုင်းတယ်။ သူတို့ရဲ့ တကယ့် လက်သည်ကြီးတော့ မဖမ်းမိဘူး။ ဖမ်းမိတဲ့ဟာတွေလဲ မီးမရှို့ဘူး။ တုဂိမ်းပါတွေကိုဘဲ မီးရှို့တာ။ ဂျွန် ၂၆ ရက်နေ့တုန်းကလဲ မရှို့ဘူး၊ အခုလဲ မရှို့ဘူး” - ဟု မိုင်းပေါက် ရပ်မိရပ်ဖ တဦးကပြောသည်။

ထို့အတူ ဒေသခံနောက်တဦးကလည်း ၀ ဒေသအတွင်း ဘိန်းစိုက်ပျိုးမှု မရှိပေမယ့်လည်း မူးယစ်ဆေးဝါး အထူးပေါများကြောင်း၊ အခြားဒေသမှ ဘိန်းများ၊ ဓါတုဆေးရေများ ဝယ်ယူကာ မူးယစ်ထုံထိုင်းစေသော ဆေးပြား များအမျိုးမျိုးထုတ်လုပ်နေသောကြောင့် မူးယစ်ဆေးဝါးရောင်း ဝယ်ရေး ဈေးမြို့ တော်ဖြစ်နေ ကြောင်း ဝေဖန်ပြောဆိုပါသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ပြောရေးဆိုခွင့် ဦးအောင်မြင့်ကတော့ - “ဒါ လုံးဝ မရှိဘူး လို့ ကျနော်တို့ မငြင်းဘူး။ အပြင်ကဝင်လာတွေလည်းရှိနေ လို့လေ။ အတွင်း အပြင်ချိတ်ဆက်ပြီး ခိုးသွင်း နေတာ တွေရှိတယ်။ အခြေ အနေကတော့ ပြောနေစရာတောင်မလိုတော့ပါဘူး။ အခုကျနော်တို့ ဒါလုံးဝ ပပျောက် အောင်လုပ်နေတာ။ ဝ ဒေသ ဘဏ္ဍာရေးအနေနဲ့ ဘိန်းအစားထိုး သီးနှံကရလာတဲ့ဝင်ငွေ တွေဖြစ်ပါ တယ်။” ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

၂၀၁၄ ဂျွန် ၂၆ ရက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အားဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၄ မေလ မှ ၂၀၁၄ ဂျူလိုင် ၃၀ ရက်နေ့အထိ ဝ ဒေသ အတွင်း မြို့ဝင်မြို့ ထွက်လမ်း၊ လမ်းဆုံ လမ်းခွ များ၌ လမ်းကင်းချကာ မူးယစ်ဆေးဝါးများအား သုံးလ တိုင်တိုင် စောင့်ကြပ်စစ်ဆေးခဲ့သည်ဟုလည်း ဝ မိုင်းပေါက် အရာရှိ တဦးကပြောသည်။

ဝ တပ်ဖွဲ့သည် မြန်မာနိုင်ငံတွင် မြန်မာအစိုးရ တပ်မတော်ပြီးလျှင် တိုက်ခိုက်ရေး အင်အားဒုတိယ အကြီးမားဆုံး တပ်မတော်ဖြစ်ပြီး သျှမ်းပြည်နယ်မှ ခွဲထွက် ကာ နေပြည်တော်လက်အောက်ခံ သီးခြား ဝ ပြည်နယ် ထူထောင်ရန် လိုလားနေသည့် လူမျိုးစု တပ်ဖွဲ့ဖြစ်သည်။ အမေရိကန် အစိုးရကမူ ဝ တပ်ဖွဲ့အား မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်သည့် တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့ ဟု သတ်မှတ်ထားပါသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ