Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, August 8, 2014

(၂၄)-ဗီဇာအတုဖြင့် မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာ ၅၀ ကျော် ပြစ်ဒဏ်လျှော့ပေးရန် မြန်မာသံရုံးတောင်းဆို

မလေးရှားနိုင်ငံသို့ အ လည်အပတ်ဗီဇာ (Visit Visa) အတုဖြင့် သွားရောက်ခဲ့သော ကြောင့်ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၅၄ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် မလေးရှားနိုင်ငံမြန်မာသံရုံးက မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။

ဇူလိုင် ၈ ရက်က မလေးရှား နိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၇၂ ဦးအနက် ၅၄ ဦးသည် ဗီဇာအတုများဖြစ်နေ သောကြောင့် မလေးရှားနိုင်ငံ လူ ၀င်မှုကြီးကြပ်ရေးက လေဆိပ် တွင် ဖမ်းဆီးထားပြီး အကျဉ်း ထောင်များသို့  ပို့ဆောင်လိုက် ခြင်း ဖြစ်သည်။

  ‘‘သံအမတ်ကြီးကလည်း ဒီကိစ္စပဲ လုပ်နေပါတယ်။ သံရုံး ကနေပြီး မလေးရှားပြည်ထဲရေး ဌာနနဲ့ နိုင်ငံခြားရေးဌာနကို သူတို့ အတွက် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ နဲ့ ပြန်နိုင်ဖို့အတွက် လူကိုယ်တိုင် ရော၊ စာနဲ့ရော မေတ္တာရပ်ခံထား ပါတယ်။ လုပ်ပိုင်ခွင့်ထဲက အ တတ်နိုင်ဆုံးကြိုးစားပြီး လုပ်ပေး နေပါတယ်’’ ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ဗီဇာစာအုပ်များကို အကျိုး ဆောင်မှတစ်ဆင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဇူလိုင် ၈ ရက်က ဖမ်းဆီး ခံခဲ့ရသည့် ၅၄ ဦးကို လိုက်ပါပို့ ဆောင်ပေးသော အေးဂျင့်သုံးဦး ကို မလေးရှားအစိုးရက ဖမ်းဆီး ထားကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံရသော အမျိုးသားများ ကို ဆွန်ငိုင်းဘူးလို့ ထောင်တွင် ထားရှိပြီး အမျိုးသမီးများကို ဆာချန့်ထောင်တွင် ထားရှိကာ သြဂုတ်၁၂ ရက်တွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ