Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, August 8, 2014

(၂၅)-ဆင်ဆာထိ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး စစ်ဗိုလ်ချုပ်များ စိတ်ဝင်စား

စာပေစိစစ်ရေးက ပယ်ချထားသော ပြည်တွင်း သတင်း မီဒီယာများ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ မေးမြန်းခန်းများကို နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များက စိတ်ဝင်တစား ဖတ်ရှုနေကြကြောင်း သတင်းရရှိသည်။

dassk-journalsပြည်တွင်း မီဒီယာများ ဖြစ်ကြသည့် Venus၊ ပြည်သူ့ခေတ်၊ 7 Day News ၊ ရန်ကုန်တိုင်းမ်၊ The Voice ဂျာနယ်များက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံမေးမြန်းပြီး စာပေစိစစ်ရေးသို့ မူကြမ်းတင်ပြရာ ပယ်ချခံရကြောင်း၊ သို့သော် မေးမြန်းခန်း များသည် စာပေစိစစ်ရေးမှ တဆင့် နေပြည်တော် စစ်ဗိုလ်ချုပ်ကြီးများထံသို့ ရောက်ရှိပြီး လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် ဒေါ်အောင်ဆန်း စုကြည်၏ ရပ်တည်ချက် သဘောထားကို လေ့လာနေ ကြကြောင်း သိရှိရသည်။

နေပြည်တော် ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက “ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အင်တာဗျူးတွေကို ပြည်သူတွေ ဖတ်ခွင့်မရပေမယ့် နေပြည်တော်က လူကြီးတွေ (ဗိုလ်ချုပ်တွေ) သေသေချာချာ ဖတ်တယ်။ အဓိက က အဲဒီတွေ့ဆုံ မေးမြန်းခန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ နိုင်ငံရေးအပေါ် ရှုမြင်ချက်၊ ရှေ့ဆက်သွားမယ့် လမ်းစဉ်တွေ ပါနေတော့ ဒေါ်အောင်ဆန်းစုကြည် ဘာဆက်လုပ်မလဲ ဆိုတာကို လူကြီးတွေက သိချင်နေပုံပဲ” ဟု ပြောသည်။

ပြည်တွင်း သတင်းမီဒီယာများက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရပ်တည်ချက်၊ ၂၁ ရာစု ပင်လုံညီလာခံနှင့် အမျိုးသား ရင်ကြားစေ့ရေး၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၁၉၉၀ ရွေးကောက်ပွဲအပေါ် သဘောထား အပါအ၀င် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများကို မေးမြန်းခဲ့ကြသည်။

ဂျာနယ် အယ်ဒီတာတဦးက “ဒေါ်အောင်ဆန်းစုကြည် သဘောထားကို ပြည်ပမီဒီယာတွေမှာ ရေးကြ၊ ပြောကြတာတွေကိုပဲ အာဏာပိုင်တွေက ဖတ်နေ၊ နားထောင်နေရတာလေ။ အခုလို ပြည်တွင်းမီဒီယာတွေက ကိုယ်တိုင်ကိုယ်ကျ သွားမေးပြီး မေးခွန်းပေါင်းစုံကို မေးထားတော့ အာဏာပိုင်တွေအတွက် အင်မတန်မှ တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ
တပွေ့တပိုက်ကြီး ရသွားတယ်လို့တောင် ပြောလို့ရတယ်” ဟု ပြောသည်။

ဝါရင့် သတင်းစာဆရာ တဦးကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်း သတင်းမီဒီယာများ၏ တွေ့ဆုံမေးမြန်းခန်းများကို စစ်အစိုးရက ဖတ်ရှုပြီးနောက် ၄င်းတို့ပိုင် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ရပ်တည်ချက်အပေါ် တိုက်ခိုက်ဝေဖန်သော ၀ါဒဖြန့် ဆောင်းပါးများ ထည့်သွင်းလာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သတင်း၊ စာဖတ် ပရိသတ်အားပေးမှုတို့နှင့် ပတ်သက်၍ ဂျာနယ်ဖြန့်ချိရေး လုပ်ကိုင်သူတဦးက “ဒေါ်အောင်ဆန်းစုကြည် လွတ်တဲ့အချိန်က ဒေါ်အောင်ဆန်းစုကြည် သတင်းနဲ့ ဓာတ်ပုံပါတဲ့ ဂျာနယ်တိုင်းလိုလို ဈေးကွက်မှာ ပြတ်ကုန်တယ်။ တအားရောင်းကောင်းတယ်။ အခုတော့ ဂျာနယ် အရောင်းအ၀ယ်က ပုံမှန်လောက်ပဲ ရှိတော့တယ်” ဟု ရှင်းပြသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းနှင့်ဓာတ်ပုံများ ခွင့်ပြုသည်ထက် ပိုမိုဖော်ပြသည့်အတွက် ပြည်တွင်းဂျာနယ် ၉ စောင်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ