ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တာဝန်ရှိအနုပညာရှင်များ၊ ထုတ်လုပ်ရေးသမားများ super market မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော မီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) မူပိုင်ခွင့်ချိုးဖောက်မှု ကာကွယ်တားဆီးရေးကော်မတီ (CMC) အနေဖြင့်
မြန်မာ့ဂီတ ဖန်တီးထုတ်လုပ်သူများနှင့် အနုပညာရှင်များ၏မူပိုင်ခွင့်ကို ကာကွယ်ရာတွင် အဆိုးဆုံး မူပိုင်ခွင့် ချိုးဖောက်မှုဖြစ်သော တရားမ၀င်ဆင်ဆာမဲ့ မြန်မာသီချင်းအခွေများ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ် ဖောက်ကားခြင်း
များအား သက်ဆိုင်ရာနှင့် ပူးပေါင်းကာတရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းကို ကြပ်မတ်စွာဆောင်ရွက်လျက် ရှိသော်လည်း ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားအကျိုးစီးပွားကို အဓိက ထိပါးဆုတ်ယုတ်စေသောနိုင်ငံသားပိုင်ထုတ်လုပ်သည့် မြန်မာသီချင်းခွေ (Audio CD) နှင့်

(KARAOKE
or MTV, VCD, DVD) များအား တရားမ၀င်ဆင်ဆာမဲ့
ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားခြင်းကို
သာအဓိကဦးစားပေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင်
နိုင်ငံတော်စီမံချက်ဖြင့် ညစ်ညမ်း အခွေများ ဖမ်းဆီးအရေးယူရာတွင်
လည်းမြန်မာနိုင်ငံဂီတအစည်းအရုံးမှ အတူတကွပူးပေါင်းဆောင်ရွက် လျက်ရှိသော်လည်း
များနှင့်ပတ်သက်၍ လတ်တလော၌ မည်သည့် ဖမ်းဆီးအရေးယူမှုကိုမျှ
ဆောင်ရွက်ထားခြင်း လုံးဝမ ရှိပါကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးက
ထုတ်ပြန်ကြေညာ ခဲ့သည်။
မူပိုင်ခွင့်ချိုးဖောက်မှု ကာကွယ်တားဆီးရေးကော်မတီမှ အဆိုတော်သားစိုးက“လွန်ခဲ့တဲ့တစ်ပတ်လောက်က ခိုးကူးတွေကို အများကြီးဖမ်းပါတယ်။ ပြဿနာတွေတက်ပြီး ဒီကိစ္စက ဂီတအစည်းအရုံးနဲ့ မကင်းဘူး ဆိုပြီး
ကောလာဟလတွေ အများကြီးထွက်လာပါတယ်။ ကျွန်တော်တို့က ပြည်တွင်းက မြန်မာအခွေတွေ ကိုပဲ Tape၊ CD၊ VCD နဲ့ DVD တွေကိုပဲ ဖမ်းဆီးခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်နဲ့ပတ်သက်တဲ့ အခွေတွေ ဖမ်းဆီးတာက ဂီတအစည်းအရုံး နဲ့ လုံးဝမပတ်သက်ပါဘူး” ဟု ပြောကြားခဲ့သည်။
သြဂုတ်လပထမပတ်အတွင်းက တရားမ၀င်ခိုးကူးအခွေဖမ်းဆီးရေးကို လမ်းဘေးအခွေဆိုင်များအပြင် စူပါမားကက် များတွင် ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ City Mart စူပါမားကက်မှ တာဝန်ရှိသူတစ်ဦးက “အဓိက အခုဖြစ်သွားတဲ့ကိစ္စက City Mart မှာ ညစ်ညမ်းအခွေတွေ၊ တရားမ၀င်အခွေတွေ လုံးဝမတင်ပါဘူး။ စရောင်း ကတည်းက မထားခဲ့တာပါ။ ခိုးကူးအခွေတွေဖမ်းတိုင်းမှာ အင်္ဂလိပ်သီချင်းတွေ၊ အင်္ဂလိပ် ဇာတ်ကားတွေ ပါနေမယ် ဆိုရင်တော့ ဆိုင်တွေအနေနဲ့ အဆင်မပြေနိုင်ပါဘူး။ ခဏခဏဖြစ်နေရင်အဆင် မပြေပါဘူး”ဟု ပြောပြခဲ့သည်။
စိန်ဂေဟာမှ တာဝန်ရှိသူတစ်ဦးကလည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး “ပြီးခဲ့တဲ့အပတ်က ဖမ်းတယ်ဆိုပြီး သိလိုက်တဲ့ အချိန်မှာ ဖြန့်ချိသူတွေဆီကနေ တရားဝင်ထုတ်ထားပါတယ်ဆိုပြီး ဂီတအစည်းအရုံးတို့၊ ရုပ်ရှင်အစည်းအရုံးတို့ကနေ
စတေကာလို့ပြောတဲ့ ဆင်ဆာခွင့်ပြုမိန့်စာရွက်မပါတဲ့အခါမှာ အခွေတွေအား လုံးသိမ်းလိုက်ရပါတယ်။ တရားမ၀င် ခိုးကူးအခွေ တင်ထားတာမရှိဘူး။ ဒါပေမဲ့ဖမ်းပြီ လို့ဖြစ်လာတဲ့အခါ မှာအကုန်သိမ်းလိုက်ရတယ်။ ဒီလိုဖြစ်နေမယ် ဆိုရင် ကျွန်တော်တို့ဘက်က တောင့်ခံပြီးရပ်တည်ပေးချင် ပါတယ်။ ဒါပေမဲ့ အခုလိုဖမ်းတိုင်းသိမ်းနေရမယ်ဆို အဆင်မပြေပါဘူး။ ဂီတအစည်းအရုံးဘက်က ဘယ် အခွေဘယ်အခွေတော့ လွတ်လွတ်လပ်လပ်ရောင်းပါဆိုတဲ့ အနေအထားမျိုး ထုတ်ပြန်ပေးရင်တော့ အဆင်ပြေနိုင်မှာပါ။ ဘောင်အတွင်းကပဲ လုပ်ချင်ပါတယ်” ဟု ပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံဂီတအစည်းအရုံးဘက်မှလည်း လက်ရှိတွင် အင်္ဂလိပ်အခွေများအတွက် ထိရောက်သော ထောက်ခံမှုမျိုး မလုပ်ဆောင်နိုင်သေးကြောင်းနှင့် စူပါမားကက်များအနေဖြင့် မြန်မာသီချင်းအခွေများအား ဆက်လက်
ရောင်းချပေးနိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆွေးနွေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် အဆင်ပြေလာနိုင်မည်
ဖြစ်ကြောင်း မူပိုင်ခွင့်ချိုးဖောက်မှုကာကွယ်တားဆီးရေးကော်မတီမှ ဥက္ကဋ္ဌ ဦးမျိုးဆွေ ကပြောကြားခဲ့သည်။
မြန်မာနိုင်ငံဂီတအစည်းအရုံးအနေဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၃ စက်တင်ဘာလအထိ အမှုပေါင်း ၉၃ မှု ဖမ်းဆီးရမိထားပြီး တရားမ၀င်အခွေပေါင်း ၂၄၄,၈၈၇ ခွေ ဖမ်းမိထားကြောင်း စာရင်းထုတ်ပြန်ထားသည်။

No comments:
Post a Comment