Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 24, 2014

လည်ပင်းတောင့်ပြီးနာတာသက်သာအောင် လုပ်နိုင်မယ့်နည်းတွေ

အိပ်ရာကထချိန်မှာ လည် ပင်းကြီးမာတောင့်ပြီး နေထိုင် မကောင်းတာမျိုးကြုံဖူးကြမှာပါ။ အိပ်ပျော်နေတုန်း ပုံစံမမှန်အိပ်မိ လို့ (ဒါမှမဟုတ်) ခေါင်းအုံးအနေ အထားကြောင့်လည်းဖြစ်တတ် ပါတယ်။ ဒီလိုတွေကြုံခဲ့တယ်ဆို ရင် အမြန်သက်သာနိုင်မယ့်နည်း တချို့ကို ဖော်ပြပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ မလှုပ် မရှားနိုင်ထုံနေတဲ့ လည်ပင်းကြွက် သားတွေ ပြေလျော့ပြီး နာကျင်မှု နဲ့ ရောင်ရမ်းတာတွေသက်သာ အောင် ရေခဲကပ်ပေးတာလုပ်နိုင် ပါတယ်။ ဒါမှမဟုတ်ပဲ ထည့် ထားတဲ့အိတ်ငယ်ကို အေးခဲ အောင်လုပ်ပြီးတော့လည်း ကပ် ပေးနိုင်ပါတယ်။ သစ်ကြံပိုးမှုန့်နဲ့ နနွင်းမှုန့်ကိုရေနွေးနွေးနဲ့ နည်း နည်းချင်းသောက်ပေးရင်လည်း ကြွက်သားတင်းတာတွေ လျော့ ပါးစေနိုင်ပါတယ်။

ဆေးဖက်ဝင်အပင်တွေကို ပြုတ်ပြီး ခေါင်းအုံးစွပ်အဟောင်း တစ်ခုထဲထည့်ကာ လည်ပင်း ကြွက်သားတစ်ဝိုက် ကြပ်ထုပ် ထိုးပေးရင်လည်း သက်သာစေနိုင် ပါတယ်။ ဒါ့အပြင် သင်္ဘော၊  ဒန့်သလွန်လတ်လတ်ဆတ်ဆတ်ကို  ခြေပြီးတော့လည်း ကြပ် ထုပ်ထိုးပေးနိုင်ပါတယ်။ နောက်ပြီး တရုတ်နံနံကြီးကို ဖျော်စက်နဲ့ဖျော်ပြီး သောက်ပေးရင် အာရုံကြောထိခိုက်မိတာမျိုးတွေကို သက်သာပျောက်ကင်းစေပြီး စိတ်ဖိစီးမှုတွေကို အံ့ဩလောက်အောင်သက်သာစေနိုင်တယ်လို့ဆိုပါတယ်။ နောက်ဆုံးမှာတော့ ရေပန်းကရားနဲ့ပဲဖြစ်ဖြစ်၊   ရေချိုးကန်မှာပဲဖြစ်ဖြစ် ဖယောင်းပန်း၊ လာဗန်ဒါ၊ ထင်းရှူး၊ ဇာတိပ္ဖိုလ်သီးအဆီသုံးပြီး ရေနွေးနွေးလေးနဲ့ချိုးပေးတာ မျိုး လုပ်ပေးရပါမယ်။ အသက်ကို ပြင်းပြင်းရှူ၊ လည်ပင်းကြွက်သားကို ဖြည်းဖြည်းချင်း လှုပ်ရှားပေးရင်းနဲ့ သက်သာသွားပါလိမ့်မယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ