Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 24, 2014

အိပ်မက်မက်ရာကနေ ဖြစ်တည်လာတဲ့ ချမ်းချမ်းရဲ့‘‘အိပ်မက်’’

တတိယတစ်ကိုယ်တော်ခွေ၏ အခွေအမည် အိပ်မက်သီချင်းသည် အိပ်မက်မက်ရာမှရရှိခဲ့သော သီချင်းဖြစ်ပြီး အမှတ်တရများစွာရှိကြောင်း အဆိုတော်ချမ်းချမ်းကပြောသည်။


Photo

‘‘လူတွေအများကြီးလာကြည့်တဲ့ ဖျော်ဖြေပွဲတစ်ခုကို အစ်မ အိပ်မက်မက်တယ်။ အဲဒီဖျော်ဖြေပွဲမှာ အစ်မကိုယ်တိုင် စန္ဒာရားတီးပြီး သီချင်းဆိုတယ်။ အဲဒီသီချင်းရဲ့ စာသားတွေရော၊ အလိုက်တွေရော မှတ်မိနေလို့ ရေးလိုက်တာ နာရီဝက်လောက်ပဲကြာတယ်’’ဟု ချမ်းချမ်းကပြောသည်။
ယင်းအခွေတွင် ကိုယ်ပိုင်သံစဉ်သီချင်းများ ပါဝင်မည်ဖြစ်ပြီး စုစုပေါင်း သီချင်း ၁၅ ပုဒ် ပါဝင်မည်ဖြစ်ကာ စုံတွဲအဆိုရှင်များအဖြစ် ဇော်ပိုင်၊ ဟန်ထွန်းနှင့် ဂျီလတ်တို့ ပါဝင်သီဆိုထားသည်။
ထို့အပြင် ရှေးခေတ်ဘုရားသီချင်းတစ်ပုဒ်ဖြစ်သော ဗုဒ္ဓပူဇနိယသီချင်းကိုလည်း ခေတ်ပေါ်ပုံစံတီး၍ သီဆိုထားပြီး ရဲတိုက်သရုပ်ဆောင်ကာ ပရိသတ်အားပေးမှုရရှိသည့် ‘‘ရွာ’’ဇာတ်ကားမှ သားချော့တေးသီချင်းကိုလည်း ပြန်လည်ထည့်သွင်းထားကြောင်း ချမ်းချမ်းကပြောသည်။ ယင်းအခွေကို တစ်နိုင်ငံလုံးတွင်မဖြန့်ချိမီ မန္တလေးနှင့် ပြင်ဦးလွင်တွင် စတင်ဖြန့်ချိခဲ့ရာ ပရိသတ်အားပေးမှုရရှိခဲ့ပြီး ယင်းကဲ့သို့ ဖြန့်ချိခဲ့ခြင်းသည် ယခင်ကခွေများဖြန့်ချိသည့် သမားရိုးကျပုံစံမှ ဆန်းသစ်ခြင်းဖြစ်သလို ပရိသတ်များ၏ စိတ်ဝင်စားမှုပိုမိုရရှိစေရန် လုပ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ