Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 24, 2014

ရီးရဲလ်ကို အနိုင်ကစားပြီး အက်သလက်တီကို စပိန်စူပါဖလားဆွတ်ခူး၊ စူပါဖလားပွဲတွင် ဒီမာရီယာကို မလိုအပ်၍ချန်ထားခဲ့ဟု အန်ဆယ်လော့တီပြော

က်ဒရစ်− စနေနေ့ နံနက်တွင်ကျင်းပခဲ့သည့် စပိန်စူပါဖလား ဗိုလ်လုပွဲ ဒုတိယအကျော့၌ အိမ်ရှင် အက်သလက်တီကိုက မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့၍ နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးဖြင့် အနိုင်ရသွားသည်။ အက်သလက်တီကိုမှာ ကော်စတာကို ချယ်လ်ဆီးသို့ ရောင်းလိုက်ပြီးနောက် အစားထိုးခေါ်ယူခဲ့ သည့် မန်ဇူကစ်၏ သွင်းဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။



 အက်သလက်တီကိုအတွက်ဂိုးကို ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်က ပွဲစပြီး ၂ မိနစ်မှာပင် ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းပေးပို့မှုမှ အပိုင်ကန်သွင်းပြီး အဖွင့်ဂိုးယူကာ ဦးဆောင် ပေးခဲ့ခြင်းဖြစ်သည်။ ပွဲတွင် ရီးရဲလ်အတွက် ကိုလံဘီယာကွင်းလယ်လူ ရိုဒရီဂွက်ဇ်က နှစ်ကြိမ်ကန်သွင်းခွင့်ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။ အက်သလက်တီကိုသည် အိမ်ကွင်းတွင် အနိုင်ရခဲ့သည့်အတွက် ပြီးခဲ့သည့်ချန်ပီယံလိဂ်၌ ဒိုင်ကိုတိုက်ခဲ့သော နည်းပြ ဆီမြွန်နီမှာလည်း ပွဲကိုကြီးကြပ်ခွင့်မရခဲ့၍ ပိုမိုထိုက်တန်သည့် နိုင်ပွဲဖြစ်ခဲ့သည်။ နှစ်သင်းစလုံး အကြိတ်အနယ် ကစားခဲ့ပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည့် ထိုပွဲတွင် ရီးရဲလ်ကွင်းလယ်လူ မိုဒရစ်မှာ ပွဲပြီးခါနီး နှစ်ဝါတစ်နီဖြင့် ထွက်ခဲ့ရသည်။ မန်ယူသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု သတင်းများထွက်နေ သည့်ကွင်းလယ်လူ ဒီမာရီယာကို စပိန်စူပါဖလားတွင် ထည့်မကစားခဲ့ခြင်းမှာ နည်းစနစ်ပိုင်းဆုံးဖြတ်ချက်အရသာဖြစ်ကြောင်း နည်းပြအန်ဆယ်လော့တီက ထုတ်ဖော်ပြောကြားလိုက်သည်။ ဒီမာရီယာသည် ထိုပွဲတွင် မပါဝင်ခဲ့သလို ရီးရဲလ်မှာလည်း တစ်ဂိုးတည်းဖြင့် အက်သလက်တီကိုအား ကပ်ရှုံးပြီးနောက် ပထမအကျော့ တစ်ဂိုးစီ သရေရလဒ်အရ ၂- ၁ ဂိုးဖြင့် ရှုံးခဲ့ခြင်းဖြစ်သည်။ ‘‘ဒီလိုချန်ထားခဲ့တာဟာ နည်းစနစ်ပိုင်း ဆုံးဖြတ်ချက်ပါ။ ကျွန်တော်တို့ ဒီမာရီယာကို မလိုအပ်လို့ပါ။ ဒုတိယပိုင်းမှာတော့ ပထမပိုင်း တစ်ဝက်လောက်တုန်းကလို ဘောလုံးပိုင်ဆိုင်မှု ပိုရခဲ့ပါ တယ်။ ဒီနောက်တော့မှ ကျွန်တော်တို့ အက်သလက်တီကိုကို အခွင့်အရေးတွေ ပိုပေးခဲ့ရပါတယ်။ ချန်ပီယံလိဂ်မှာ ရှုံးခဲ့တာထက် ဒီပွဲကို ရှုံးခဲ့ရတာ ပိုကောင်းပါတယ်’’ဟု အန်ဆယ်လော့တီက ဆိုသည်။ အန်ဆယ်လော့တီက အခြား ကွင်းလယ်လူ ဆာမီခီဒီရာမှာမူ အသင်းမှ ထွက်ခွာခွင့်ရပြီဖြစ်ကြောင်း ပွဲအပြီးတွင် အတည်ပြုခဲ့သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ