Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, August 8, 2014

(၂၀)-တရုတ်နယ်စပ်တွင် စစ်တပ်အရာရှိနှင့် တပ်ကြပ် ချောင်းမြောင်းပစ်သတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တွင် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ်ဦး ဈေးမှအပြန် လမ်း၌ သေနတ်ဖြင့် ချောင်းမြောင်းပစ်သတ်ခံရကြောင်း သတင်းရရှိသည်။


ဇူလိုင် ၂၉ ရက် နံနက် ၁၁ နာရီခန့်က နမ့်ခမ်းမြို့နယ်အပိုင် နောင့်မာတာတပ်စခန်းတွင် တာဝန်ကျနေသူ တပ်စခန်းမှူးနှင့် တပ်ကြပ်တစ်ဦးတို့ ဆိုင်ကယ်ဖြင့် ဈေးမှအပြန် ချောင်းမြောင်းပစ်သတ်ခံရခြင်းဖြစ်ပြီး နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားကြောင်း နောင်မာ့တာရွာ ဒေသခံများက ပြောကြားသည်။ အဆိုပါဖြစ်စဉ်မှာ မှန်ကန်ပြီး ယခုအချိန်ထိ စစ်ဆေးနေဆဲဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါစစ်တပ်အရာရှိတစ်ဦးနှင့် အခြားအဆင့်တို့ သေဆုံးမှုအတွက် နမ့်ခမ်းမြို့နယ်အခြေစိုက် တပ်မ ၈၈ မှ တာဝန်ရှိသူများ နောင်မာ့တာရွာသို့ လာရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။

အဲဒီနေ့ညကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာကလူကြီးငါးဦးကို အစိုးရတပ်က ခေါ်သွားတယ်။ ည ၁၂ နာရီအထိ စစ်တယ်။ မနက်ကျတော့ တစ်ခါလာခိုင်းတယ်။ အခု နေ့လယ် ၁၂ နာရီမှာတော့ ပြန်လွှတ်ပေးလိုက်ပြီ။ ဒီမနက်မှာတော့ ညကလို ရိုက်တာတွေ မရှိတော့ဘူး’’ ဟု နောင်မာ့တာကျေးရွာမှ ဦးစိုင်းမောက်ဆိုင်ထွန်းလှိုင်က ပြောကြားသည်။ ထိုသို့ရွာသားများကို ခေါ်ဆောင်ခြင်းမှာ စစ်ဆေးစုံစမ်းရန်အတွက်သာဖြစ်ပြီး ဖမ်းဆီးရန် မူဝါဒ မရှိသည့်အတွက် ဖမ်းဆီးခြင်းမဟုတ်ကြောင်း အမှုအတွက် လိုအပ်ချက်များ စုံစမ်းခြင်းသာ ဖြစ်နိုင်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပါတာဝန်ရှိသူကပြောသည်။ ဇူလိုင် ၂၉ ရက်က သေဆုံးသွားသည့် နောင်မာ့တာစခန်းမှ တပ်စခန်းမှူးနေရာတွင် တပ်မ ၈၈ မှလွှတ်သည့် အရာရှိတစ်ဦး အစားထိုးရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

နမ့်ခမ်းမြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်ကပင် အရပ်သားလူငယ်တစ်ဦး ပြည်သူ့စစ်အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ယခုအချိန်ထိ အမှုပေါ်ပေါက်ခြင်း မရှိသေးပေ။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်းမြို့နယ်သည် တရုတ်-မြန်မာ နယ်နိမိတ် အငြင်းပွားမှုများ ရှိနေသောဒေသဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့များ၊ ရှမ်းလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် RCSS/SSA၊ ပလောင် လက်နက်ကိုင်အဖွဲ့၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO) တို့ လှုပ်ရှားသွားလာနေသော နယ်မြေဖြစ်သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ