Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, August 26, 2014

အလစ်သုတ်သမား






မှန်းစမ်း။
ဟာ ဟုတ်ပြီ။ ရှေ့ နားမှာ စတိုးဆိုင်ကြီးတစ်ဆိုင်ရှိတယ်။ စတိုးဆိုင်ရဲ့ မျက်နှာစာကို မှန်ပြားကြီးတွေနဲ့ ကာရံထားတယ်။ ဒါကြောင့် ဆိုင်ကြီးထဲကို အတိုင်းသားမြင်နေရတယ်။ စားစရာတွေကတော့ စုံနေတာဘဲ။
အာလူးခြောက်ကြော်၊ ပဲပွကြော်စတဲ့ အကြော်ပါကင်ထုတ်တွေကအစီအရီ။ ကိုကာကိုလာ ဘီယာစတဲ့ သောက်ဖွယ်ရာကလဲ အစုံ။ အားလုံးစားချင့်စဖွယ် သောက်ချင့်စဖွယ်တွေချည်း။

ဒါပေမဲ့ ငါစိတ်ဝင်စားနေတာက အာလူးကြော်ထုပ်။ အဲဒါလေးက ဆိုင်ရဲ့  အရှေ့ ဘက်ခြမ်းမှာ ရှိတယ်။
စင်ကြီးရဲ့  အောက်ဆုံးအဆင့်မှာ ထားတဲ့အတွက် ငါလက်လှမ်းမီနိုင်တယ်။ လူအလစ်ကို စောင့်နေမှ။ သူများပစ္စည်းအလကားရမှာဆိုတော့ စိတ်ကတော့ ခပ်ရှည်ရှည်ထားရမယ်။ လမ်းသွားလမ်းလာတွေကိုလဲ မေ့ထားလို့မရဘူး။

ဟာ.. အချိန်ရောက်ပြီ။ ဘယ်သူမှ အနီးအနားမှာ မရှိကြတော့ဘူး။ အရောင်းစာရေးမလေးတွေလဲ ဘယ်နားသွားကျူကြမှန်းမသိဘူး။ သူတို့ကျူကောင်းလေလေ ငါလဲ ယူကောင်းလေလေဘဲပေါ့။
ခြေသံမကြားရအောင် ဆိုင်ထဲကို ခြေဖော့ပြီး အသာလေးဝင်ရမယ်။ ဟုတ်ပြီ။ ဆိုင်ထဲရောက်ပြီ။ အသေအချာပြန်စစ်ကြည့်လိုက်ဦးမယ်။ သေချာပါတယ်။ ဘယ်သူမှကို မရှိကြဘူး။

ဟော... ဟိုရှေ့  စင်အောက်ထပ်မှာ အာလူးကြော်ထုပ်ကလေး။ အလစ်သုတ်သမားဆိုပေမဲ့ သစ္စာတော့ရှိရမယ်။
စားနိုင်သလောက်ဘဲ ယူမယ်။ အပိုမယူဘူး။ နောက်လဲ ကြုံရင်ကြုံသလို လာဦးမှာဘဲ။ အေးအေးဆေးဆေးပေါ့။
ငါ့မှာ သားကျွေးမှု မယားကျွေးမှုလဲမရှိဘူး။ ငါ့ဗိုက်ပြည့်ရုံလောက်ဆို တော်ပြီ။

ကဲ.. ပြောနေတာ ကြာတယ်။ လာလေရော့... အာလူးကြော်ထုပ်ကလေး။ ရပြီ။ ခိုးရတာလဲ လွယ်လိုက်တာ။ ဒီလိုလွယ်တဲ့ဆိုင်ကြီးအကြောင်း ဘယ်သူ့ကိုမှ မပြောထားမှ တော်ကာကျမယ်။ ကြာကြာဝါးမဲ့သွား အရိုးကြည့်ရှောင်ပါလား ဆိုသလိုပေါ့။ ရေရှည်ကြည့်ရမယ်လေ။ ဗိုက်ဆာတဲ့အချိန် ငါတစ်ယောက်ထဲ အေးအေးဆေးဆေး လာယူပြီး ၀င်ဆွဲလိုက်ရုံလေးဘဲ။ ဟန်ကျလိုက်တာ။

အာလူးကြော်ထုပ်ကလေးတော့ ရပြီ။ ဒီထဲမှာ ဖောက်စားလို့တော့ မဖြစ်ဘူး။ အပြင်ရောက်မှဘဲ ဖီလင်အပြည့်နဲ့ ဖောက်စားတော့မယ်။ အပြင်ရောက်ရင် ငါ့ကို တရားစွဲလို့ မရတော့ဘူး။ ငါကလဲ မယူဘူးလို့ ဇွတ်ငြင်းမှာပေါ့။
ဒါတွေက ပိုင်ပြီးသား။ အပြင်ကိုရောက်ပြီးရင် ငါ့နယ်ပယ်ဘဲလေ။

ကဲ.. အပြင်ရောက်ပြီ။ ဒီမှာဘဲ ဖောက်စားတော့မယ်။ လာထားစမ်း။ ကဲ.. ။ ဟာ.. မစားခင်တောင် သွားရည်ကျတယ်။ အရသာ အရမ်းရှိမဲ့ပုံဘဲ။ မြည်းကြည့်လိုက်ဦးမယ်။ ကျလွတ်.. ကျလွတ်။ ဟိုက်.. ရှားဘား.. အရမ်းကောင်းပါလား။ ဒီတံဆိပ်ကလေး မှတ်ထားမှ။ နောက်ကျရင်.. ဟဲ ဟဲ။ သိတယ်မဟုတ်လား။ လုပ်စားလာတာ ကြာပြီလေ။

စားကောင်းကောင်းနဲ့ စားလိုက်တာ။ ဗိုက်တောင် တင်းသွားပြီ။ တစ်ဝက်လောက်ကြီး ကျန်သေးတယ်။
ကဲပါလေ။ မုတ္တစာဂီ လွတ်လွတ်စွန့်ကြဲလိုက်တာဘဲကောင်းပါတယ်။ စားချင်တဲ့သူ လာစားကြပေရော့။
ငါကတော့ အစာဝလို့ ဌာနကို အမြန်ဆုံးနည်းနဲ့ ပုဂံလုံးစီးပြီး... အဲ.. အဲ... တောင်ပံဖြန့်ပြီး ခဏပြန်လိုက်ဦးမယ်။ တာ့ တာ။

မှတ်ချက်။ ။
http://uk.youtube.com/watch?v=BYpdJRbWX34&feature=related ထဲက ဆိုင်ထဲ ၀င်ရောက်ပြီး အာလူးကြော်ထုပ်ကလေးကို အလစ်သုတ်ယူသွားတဲ့ စင်ရောင်တစ်ကောင်ရဲ့  နေရာမှာ ခဏနေပြီး ခံစားတင်ပြခြင်းဘဲ ဖြစ်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ