Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, August 26, 2014

ဖောက်ထွင်းဝိဇ္ဇာ



ကြောင်သူတော် ကြွက်သူခိုး။
ပြောတော့ ကြောင်သူတော်ဆို၊ ယိုတော့ ကြွက်ချေး။


အဲဒီလို စကားတွေကိုသာ မြန်မာစကားပုံမှာ တွေ့ဖူးပါတယ်။ ဟုတ်ပါတယ်။ စကားပုံအတိုင်း ကြောင်မှန်ရင် ကြွက်ခုတ်ကြတာချည်းပါဘဲ။ ကြွက်မခုတ်တဲ့ကြောင်ဆိုရင် ကြောင်ပျင်းပေါ့။

အခုသတင်းတစ်ခုထဲမှာ ဖတ်လိုက်ရတဲ့သတင်းက အတော်လေးထူးဆန်းနေတယ်။
ဘယ့်နှယ်ဗျာ။ ကြောင်ဆိုရင် ကြွက်ဘဲခုတ်ပေါ့။ အခုဟာက ကြောင်ဆိုပေမဲ့ အိမ်နီးချင်းအိမ်တွေကို လှည့်ပတ်ပြီး ကလေးကစားစရာ အရုပ်တွေကို နေ့တိုင်း ခိုးနေတယ်ဗျ။ သူ့နာမည်က Frankie တဲ့။
အနက်ရောင် ကြောင်အထီးလေးပါ။ သက်ဆိုင်ရာကလဲ ကြောင်ဆိုတော့ အရေးယူရခက်သား။

Clearance ပစ္စည်းတွေ ရောင်းချတဲ့နေရာမှ နာမည်ကြီးတဲ့ Swindon ဆိုတဲ့မြို့ လေးမှာ မနှစ်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးပါ။
(ကျနော်တို့ရဲ့  ကုတ်အကျီ င်္တွေကိုလဲ အဲဒီမြို့ မှာဘဲ ၀ယ်ခဲ့တာပါ။ ကြွားလုံး)။
အဲဒီကြောင်လေးဟာ နေ့စဉ်ဘဲ ဘယ်အိမ်မှာ ဘယ်အရုပ်ရှိတယ်ဆိုတာကို အနံ့ခံအကဲခတ်လေ့ရှိပါတယ်။
နူးညံ့ပျော့အိတဲ့ အရုပ်ကလေးတွေကိုဘဲ ခိုးယူလေ့ရှိပါတယ်။ ခိုးရာပါအရုပ်ကလေးတွေ အခု ၃၀ ကျော်ရှိသွားပါပြီ။အထူးသဖြင့်တော့ ၀က်ဝံရုပ်ကလေးတွေပါဘဲ။
အရုပ်တွေယူလာပြီး တစ်နေရာမှာ စုထားတယ်။

Frankie ရဲ့  ပိုင်ရှင်က သူမရဲ့ ထင်မြင်ချက်ကို ဒီလိုလေးပြောပြတယ်။
"Frankie လေးဟာ အိမ်နီးချင်းတွေရဲ့  အိမ်မွေးတိရစ္ဆာန်လေးတွေဆီကတဆင့် ခိုးယူဖို့ အနံ့ခံတယ်။ ပြီးရင် သွားခိုးတယ်။ ခိုးလာတဲ့အရုပ်ကလေးတွေကို ကြည့်ပြီး ဂုဏ်ယူနေတတ်တယ်"

ဒီသတင်းလေးကို ဖတ်ပြီး ကျနော် အတွေးတစ်ခုရသွားတယ်။
ဒီလိုမျိုးကြောင်လေးတစ်ကောင်မွေးထားမယ်။
အိမ်မှာ အိမ်စောင့်ခိုင်းထားမယ်။ လိုအပ်ရင် အရုပ်ကလေးတွေကိုတော့ အခိုးမခိုင်းပါဘူး။
အရုပ်ထက်ပိုတန်ဖိုးရှိတဲ့............. ဟဲ ဟဲ...
တလွဲထင်မနေကြနဲ့ဦး...
ကြွက်ခုတ်ခိုင်းမယ်လေဗျာ။ ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ