Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 24, 2014

ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြမှု စဥ့်ကိုင်မြို့မှာ ငါးဦးတရားစွဲခံရ

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြခဲ့ရာမှာ ခွင့်ပြုတဲ့လမ်းကြောင်းအတိုင်း မလိုက်နာဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး ဆန္ဒပြပွဲ ဦးဆောင်သူ ၅ ဦးကို ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြမှုပုဒ်မ ၁၉ နဲ့ စဥ့်ကိုင်မြို့နယ် ရဲစခန်းမှူးက ဒီနေ့ တရားစွဲလိုက်ပါတယ်။
အဲဒီ ဆန္ဒပြခေါင်းဆောင် ၅ ဦးကို မြို့နယ်ရဲစခန်းမှာ ဒီနေ့ စစ်ဆေးမေးမြန်းခဲ့ပြီး စခန်းမှူး ဦးထွန်းထွန်းနိုင်က တရားလိုအဖြစ်နဲ့ တရားစွဲခဲ့တာပါ။ မနက်ဖြန်မှာ စဥ့်ကိုင်မြို့နယ်တရားရုံးမှာ အမှုကို စတင်စစ်ဆေးမှာဖြစ်တယ်လို့ တရားစွဲခံရတဲ့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးသော်တာဦးက ပြောပါတယ်။


"၂၅ ရက်နေ့က ဆန္ဒထုတ်ဖော်တဲ့အခါမှာ ကျနော်တို့တင်တဲ့လမ်းကြောင်းက ရုပ်ရှင်ရုံကဖြစ်ပါတယ်၊ အဲဒါကို သူတို့ကနေ သာသနာ့နယ်မြေကွင်းကြီးထဲကို ချပေးတဲ့အတွက် ကျနော်တို့က
အဲဒီကနေမထွက်ခွာပဲနဲ့ ကျနော်တို့တင်ထားတဲ့ ရုပ်ရှင်ရုံရှေ့ကနေပဲ တန်းစီလှည့်လည်ပြီးတော့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြပါတယ်၊ အဲဒါကို ချပေးတဲ့လမ်းကြောင်းအတိုင်း မသွားလို့ဆိုပြိး ပုဒ်မ ၁၉ နဲ့ ဒီနေ့ စဥ့်ကိုင်မြို့နယ် ရဲစခန်းမှာ စစ်ဆေးပြီးတော့မှ အရေးယူပါတယ်၊ တရားရုံးကို မနက်ဖြန် ၁ဝ နာရီမှာ တင်မှာဖြစ်ပါတယ်"
ပြီးခဲ့တဲ့ ၂၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့မှာ ရာဂဏန်းလောက်ရှိမယ့် ဒေသခံတွေဟာ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆၊ နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ) ၊ (ဃ) တို့ ပြင်ဆင်ရေးအပြင် တရားမဝင်စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ ကို ပြင်ဆင်ပေးဖို့ စဉ့်ကိုင်မြို့တွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲ ဦးဆောင်သူတွေဖြစ်တဲ့ စဥ့်ကိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးသော်တာဦး၊ ဦးကျော်ဝင်း ၊ ဦးနေဇော်လင်း၊ ဦးကျော်လှိုင်နဲ့ ဦးစန်းမင်းတို့ကို အမှုဖွင့်အရေးယူတာဖြစ်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ