Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 20, 2014

ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသမီး ၀န်ထမ်းနှစ်ဦး ၏ ပစ္စည်းလုယက်ခံရ

20 November 2014 12:12(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
လားရှိုး ၊ ၂၀-၁၁-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ဒုတိယ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး မှ ဝန်ထမ်း အမျိုးသမီး နှစ်ဦး ဆိုင်ကယ်စီး၍ အိမ်ပြန်လာစဉ် အမျိုးသား နှစ်ဦး ဆိုင်ကယ်ဖြင့် နောက်မှ လိုက်၍ လက်ဆွဲအိတ် ကို လုယက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် ည ၇ နာရီခွဲချိန် တွင် ဒုတိယ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး မှ ဝန်ထမ်းနှစ်ဦး ဖြစ်သူ ဒေါ်သင်းသင်းလှိုင် မောင်းနှင်လျက် ဒေါ်လူလောမ်ရိုင်း ဆိုသူသည် နောက်မှ လိုက်ပါစီးနင်း လာပြီး ရပ်ကွက် (၁၂) ရှိနေအိမ်သို့ ပြန်လာစဉ် ရပ်ကွက် (၂) ၊ သိန်းနီလမ်း၊ ချယ်ရီ တည်းခိုခန်းရှေ့ အရောက်တွင် နောက်မှ ဆိုင်ကယ် တစ်စီးဖြင့် လူနှစ်ဦး လိုက်လာပြီး ဒေါ်လူလောမ်ရိုင်း ကိုင်ထား သော အိတ်အား လုယူ ထွက်ပြေး သွားခဲ့ရာ အမျိုးသမီးနှစ်ဦး ၏ ဆိုင်ကယ်မှာ တိမ်းမှောက် သွားခဲ့ပြီး နှစ်ဦးစလုံး ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သည်။

လုယူခံရသော အိတ်အတွင်း၌ လက်ကိုင်ဖုန်း တစ်လုံး၊ မြန်မာ့ စီးပွားရေးဘဏ် ငွေစုစာအုပ်၊ ဧရာဝတီဘဏ် ငွေစုစာအုပ်၊ ငွေစုငွေချေး အသင်း ငွေစုစာအုပ်၊ နိုင်ငံသား စိစစ်ရေးကတ်၊ ငွေကျပ် ၄၁ဝဝဝ နှင့် စာရွက်စာတမ်းများ ပါသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ဆွဲအိတ်အား လုယူထွက်ပြေး သွားသည့် အမည်မသိ အမျိုးသား နှစ်ဦးအား လားရှိုးမြို့မ ရဲစခန်းက (ပ) ၃၅ဝ/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့်၍ အရေးယူ စုံစမ်းလျက် ရှိကြောင်း သိရှိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ