Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 20, 2014

ရာဇ၀တ်မှုကျူးလွန်သူ ဘာသာရေးခေါင်းဆောင် အား ဖမ်းဆီးရာတွင် ယင်းအား ထောက်ခံသူများက ဆန့်ကျင်တိုက်ခိုက်

20 November 2014 12:15(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
နယူးဒေလီ ၊ ၂၀-၁၁-၂၀၁၄

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟာယားနား ပြည်နယ်တွင် ဘာသာရေး ခေါင်းဆောင် ရမ်ပယ်လ် မာဟာရာဂျေ ကို ထောက်ခံသူများ နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အကြား နိုဝင်ဘာ ၁၈ ရက်က ပဋိပက္ခ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါ ပဋိပက္ခများ ကြောင့် ခြောက်ဦး သေဆုံးပြီး အခြား ၂ဝဝ ဝန်းကျင်ခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ရာ ၄င်းတို့ အနက် ၁ဝဝ ဦးသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖြစ်သည်။

ဖြစ်ပွားပုံမှာ လုံခြုံရေး တပ်ဖွဲ့ဝင် များသည် ရာဇဝတ်မှုများကို ကျူးလွန် ခဲ့သော အဆိုပါ ဘာသာရေး ခေါင်းဆောင် ကို ဖမ်းရန်အတွက် ၄င်း၏ ဘာသာရေး အဆောက်အအုံ အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရာမှ ထောက်ခံသူ များနှင့် ၄င်းတို့အကြား ပဋိပက္ခ စတင်ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

အသက် ၆၃ နှစ်အရွယ်ရှိ ဘာသာရေး ခေါင်းဆောင် ရမ်ပယ်လ် သည် လူသတ်မှုတစ်ခု အပါအဝင် ရာဇဝတ်မှု များစွာကို ကျူးလွန်ခဲ့သူ တစ်ဦးဖြစ်ပြီး ရမ်ပယ်လ် သည် ၄င်းဖမ်းဆီး မခံရရေး အတွက် ပြည်သူများ၏ ယုံကြည်မှုကို အလွဲသုံးစား လုပ်၍ ပြည်သူများကို လူသားဒိုင်း သဖွယ် ခုတုံးလုပ် အသုံးချ နေခြင်း ဖြစ်သည်ဟု လုံခြုံရေး တပ်ဖွဲ့ဝင်များ က ထုတ်ဖော် ပြောကြား ခဲ့သည်။

သို့သော် မိမိတို့ အနေဖြင့် ၄င်း ရာဇဝတ်သားကို ဖမ်းဆီးရမိ သည့်တိုင်အောင် အစွမ်းကုန် ကြိုးပမ်းသွားမည် ဟု အိန္ဒိယရဲတပ်ဖွဲ့ မှ အကြီးအကဲ တစ်ဦးဖြစ်သူ ဗာရှစ် က ပြောကြား ခဲ့သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ