20 November 2014 03:43(+0630)
(လွန်ခဲ့သော 14 နာရီ ခန့်က)
ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော်
ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းပေါ်ကို
အစိုးရတပ်ဖက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျလို့ လူ ၂၀ သေဆုံးပြီး ၁၆
ယောက်ဒဏ်ရာ ရသွားတယ်လို့ ကေအိုင်အေဘက်က အတည်ပြု ပြောပါတယ်။
သေဆုံးသူတွေဟာ လူငယ် ဗိုလ်လောင်းတွေ ဖြစ်ကြပါတယ်။ အများစုက
ကချင်ဗိုလ်လောင်းတွေဖြစ်ပြီး အဲဒီမှာ စစ်ပညာလာသင်တဲ့
တခြားတိုင်းရင်းသားတွေလည်း ပါတယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစိုးရဘက်ကတော့ တစ်စုံတရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မကြာခင် ရက်ပိုင်းကလည်း မန်စီမြို့နယ်မှာရှိတဲ့ ကေအိုင်အေ တပ်ရင်း (၁၆)၊
(၁၇) အခြေစိုက်ဒေသတွေမှာလည်း အစိုးရတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲငယ်တွေ
ဖြစ်ခဲ့ပါတယ်။
အခု တိုက်ခိုက်မှု ဖြစ်တာဟာ အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့
မကြာခင် လပိုင်းတွေအတွင်း တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးဖို့
ပြင်ဆင်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။
 |
| သေဆုံးခဲ့တဲ့ ဗိုလ်လောင်းများ |
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment