Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 17, 2014

လေဖြတ်နေတဲ့ မိခင်ကို သားဖြစ်သူက အရက်ဖိုးတောင်းမရလို့  ထိုးကြိတ်ရိုက်နှက်ရာက သေဆုံး

17 November 2014 02:44(+0630) (လွန်ခဲ့သော 16 နာရီ ခန့်က)
ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့ နယ် ခနောင်ကျေးရွာမှာ လေဖြတ်ထားလို့ အိပ်ရာထဲ လဲနေတဲ့ မိခင်ဖြစ်သူကို သားဖြစ်သူက အရက်ဖိုးတောင်းရာ မပေးတာကြောင့် ထိုးကြိတ် ရိုက်နှက်ရင်း သေဆုံးသွား ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါတယ်။

နိုဝင်ဘာလ ၁၆ရက်နေ့ က ခနောင်ကျေးရွာ၊ ရွာလယ်ပိုင်း၊ ဖိုးရာဇာလမ်း နေ ဒေါ်ခင်မာဝေ အသက်(၅၂)နှစ် (လေဖြတ်ထား၍ အိပ်ရာထဲတွင်လဲနေသူ)အား သားဖြစ်သူ မောင်ဝေလင်းထွန်း (ခ) ရာဇာ၊ (၁၉)နှစ်က အရက်သောက်ဖို့ အတွက် ပိုက်ဆံတောင်းရာ မိခင်ဖြစ်သူ ဒေါ်ခင်မာဝေမှ မပေးတာကြောင့် လက်သီးနဲ့ ထိုးကြိတ်၊ သစ်သားတုတ်နဲ့ ရိုက်နှက်ခဲ့ကြောင်း သိရပါတယ်။

မိခင်ကို ထိုးကြိတ်ရိုက်နှက်နေတာကို တွေ့ ရှိတဲ့ အိမ်နီးချင်းဖြစ်သူ ဦးဖိုးဆယ်က ခနောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ ကို အကြောင်းကြားပြီး သွားရောက် ကြည့်ရှုရာ ဒေါ်ခင်မာဝေမှာ ထိုးကြိတ်ရိုက်နှက်ခံထား ရတဲ့ ဒဏ်ရာများနဲ့ သေဆုံးနေပြီ ဖြစ်ပါတယ်။

ဒေါ်ခင်မာဝေအား ဒဏ်ရာများရရှိ သေဆုံးအောင်ပြုလုပ်သူ မောင်ဝေလင်းထွန်း (ခ) ရာဇာအား အရေးယူပေးရန် ဦးမြင့်ဆွေမှ တရားလိုပြုလုပ် တိုင်တန်းတာကြောင့်  နမစ တံတား (ပ) ၅၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး အမှုစစ် လ ၁၉၇၀၇၀ ရဲအုပ်ထွန်းထွန်း(စခမ၊ နမစ တံတား)မှ တရားခံအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိရပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ