Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 17, 2014

ကမာစဲကျေးရွာ အတွင်း ဓါးလှံကိုင်ကာ အထိတ် တလန့်  ဖြစ်အောင် ပြုလုပ် နေသူကို အရေးယူ ပေးစေလို (ပေးစာ)

သို့

ဆည်းဆာ

အယ်ဒီတာခင်ဗျား..

လူကြီးမင်းမှ တဆင့် တာဝန်ရှိ အများပြည်သူ သိစေ၇န် တင်ပြအပ်ပါသည်။

ပဲခူတိုင်း ဒေသကြီး သနပ်ပင်မြို့ နယ် ကမာစဲ ကျေးရွာ ဘူတာပိုင်တွင်း နေထိုင်သော အဖဦးအေးပို ၏ သား ကိုဝေသော်နိုင်သည် ပြစ်မှု့ဆိုင်ရာ အမျိုးမျိုး ကျခံဘူးသူ ဖြစ်ပါသည်၊ ယခင်အလုပ်အကိုင် အတည်တကျမရှိ ၊ လောင်းကစား လုပ်ငန်းဖြင့် ဘ၀ရပ်တည် ထူထောင်ခဲ့ပြီး ပြစ်မှု့ အမျိုးမျိုး နှင့် ပြစ်ဒဏ်ကျခံ ခဲရဘူးသည် ဖြစ်ပါသည်။


ယခု အချိန်တွင် ၄င်း ကိုဝေသော်နိုင်သည် (၂) လုံး (၃) လုံး ဒိုင်ကိုင်ခြင်း ဖဲဝိုင်းဒိုင်းခံပြီး အတိုးပေးစားသောအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူဖြစ်ပါသည်။ ဖဲဝိုင်းကို ၄င်း ၏ အိမ်တွင်ပြုလုပ်သည့်အခါ ရဲစခန်း အကြောင်းကြား သော်လည်း ရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်အချို့ မှ လာရောက် ဖမ်းဆီးမည်ကို ကြိုတင်အကြောင်းကြားသည့် အတွက် တစ်ကြိမ်တစ်ခါ မှ မမိခဲပါ ၊ တခြားအိမ်များတွင် ဖဲဒိုင် လိုက်လုပ်ပြီး လောင်းကစားသများကို ငွေထုတ်ချေး၍ ဖဲဝိုင်း ပြုလုပ်ပါသည်။

ဖဲဝိုင်းပြီးလျှင် ၄င်း ထုတ်ချေးထားသော ငွေ ပြန်မရပါက အရပ်ထဲတွင် ညစ်ညမ်းစွာ ဆဲဆိုကြိမ်းမောင်းပြီးလှံကိုခါးကိုင်ရမ်းကား နေပါသဖြင့် ကျေးရွာသူကျေးရွာ သားများမှ အထိတ်တလန့် ဖြစ်ကြရပါသည်။

ယခု လည်း (၂) လုံး (၃) လုံးဒိုင်ကိုင်ခြင်း အတိုးကြီးဖြင့် အတိုးလေးဖြင့် ပေးစားသည့် အလုပ်ကိုလုပ်ကိုင်လျှက်ရှိပါသည် ချေးငွေပြန်မဆပ်နိုင်လျှင် ငွေချေးသူအား ရပ်ကွက်ထဲတွင် နေ့ခင်းကြောင်ကြောင် အော်ဟစ် ဆဲဆိုပြီး ဓါးကိုင် လှံကိုင်ကြိမ်းမောင်းမှု့ များ ပြုလုပ်၍ ငွေကြေးတောင်းခံ ပါသည်။

ငွေကြေးပြန်တောင်း၍ မရခဲ့လျှင် လက်လုပ်လက်စား တောင်သူ လယ်သမားများ၏ ပိုင်ဆိုင်မှု့  ကို အတင်းအဓမ္မသိမ်းယူ နေပါသည်၊ တချို့ လည်း မြ၀တီမြို့သို့ အိမ်ခြံမြေကို ပြစ်ထွက်ပြေး နေကြရပါသည်၊ ကျေးရွာ အာဏာပိုင်များမှ ဒုစရိုက်မှု့ များ ကျူးလွန်နေကြောင်း ကျေးရွာအတွင်း အများပြည်သူ အထိက်တလန့်ဖြစ်အောင် နေ့ခင်း အချိန် / ညအချိန် ဓါး လှံကိုင်အော်၍ ဥပဒေ မရှိသကဲ့သို့ ရမ်းကားနေသည်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ အား အကြောင်းကြား ခဲ့သော်လည်း ထိရောက်နှိမ်နင်း နိုင်ခြင်း မရှိခဲ့ပါ ရဲတပ်ဖွဲ့ တချို့မှလည်း ၄င်း ( ကိုဝေသော်နိုင် ) ထံမှ ငွေချေးယူသုံးစွဲပြီး (ကိုဝေသော်နိုင် ) လုပ်ရပ် မျက်ကွယ်ပြု နေကြသည်ဟု ယူဆရပါသည် သက်ဆိုင်ရာ လူကြီးမင်းများ ကူညီဖြေရှင်း ပေးစေလိုကြောင်း တိုင်းကြားအပ်ပါသည်။

ကမာစဲကျေးရွာ သူ/သားများ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ