Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 20, 2014

ရှေးဟောင်း ကြေးခေါင်းလောင်းကြီး တစ်လုံး သိုဝှက်သယ်ဆောင်စဉ် ဖမ်းမိ

20 November 2014 03:47(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
ရှေးဟောင်းကြေးခေါင်း လောင်းတစ်လုံး သိုဝှက်သယ်ဆောင်စဉ် တံတားလုံခြုံရေး ပူးပေါင်းအဖွဲ့ ဖော်ထုတ်ဖမ်းဆီး

ဘားအံ နိုဝင်ဘာ ၁၉

ကရင်ပြည်နယ် ဘားအံမြို့နယ် ဂျိုင်း-ဇာသပြင် တံတား၌ မော်လမြိုင်မြို့မှ မြဝတီမြို့သို့ပြေးဆွဲနေသော ယာဉ်တစ်စီးသည် ရှေးဟောင်းကြေးခေါင်းလုံးတစ်လုံးကို သိုဝှက်သယ်ဆောင်လာစဉ် တံတားလုံခြုံရေးတာဝန်ကျ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဝင်းနောင် ဦးစီး အဖွဲ့က နိုဝင်ဘာ ၁၇ ရက်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဝင်းနောင်၊ မှုခင်းအကူဌာနစုမှ ဒုရဲအုပ်ဝင်းနိုင်ဦးစီးအဖွဲ့ နှင့် တံတားလုံခြုံရေးတာဝန်ကျ ပူးပေါင်းအဖွဲ့သည် နိုဝင် ဘာ ၁၇ ရက် နံနက် ၇ နာရီ ၁၅ မိနစ်က မော်လမြိုင်မှ မြဝတီသို့ ယာဉ်မောင်း အောင်မိုးဦး (၃၁)နှစ် ရွှေမြိုင် သီရိ (၁)လမ်း မော်လမြိုင်မြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 81 စူပါကာစတန် နံ့သာရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ရဲလင်းဦး(ခ)အောင် ထွေး (၁၉)နှစ် မင်းကုန်းလေးကျေးရွာ ဝက်လက်မြို့နယ်၊ လှိုင်မျိုးအောင် (၃ဝ)နှစ် မင်းကုန်းလေးကျေးရွာ ဝက်လက်မြို့ နယ်၊ ဝေလင်းဦး (၁၉)နှစ် ပိုဝကျေးရွာ မတ္တရာမြို့နယ် နေသူတို့လိုက်ပါလာပြီး ယာဉ်နောက်ခန်းအတွင်း၌ အခြား ပစ္စည်းများဖြင့် ရောနှောဖုံးအုပ်လျက် ဂုန်နီအိတ်ဖြင့်ပတ် ကာထုပ်ပိုးထားသော အမြင့်သုံးပေ လေးလက်မခန့်၊ အချင်းထိပ်ဝ နှစ်ပေခန့် အဝါရောင်ခြင်္သေ့ရုပ်နှစ်ရုပ်၊ ထပ်ကွင်းပါ ကြေးခေါင်းလောင်းတစ်လုံး (အလေးချိန် ပိဿာ ၂ဝဝ ခန့်)အား တွေ့ရှိရသဖြင့် စစ်ဆေးရာ အဆိုပါကြေးခေါင်းလောင်းအား အခြားတိုင်းဒေသကြီး/ ပြည်နယ် တစ်နေရာရာမှ ခိုးယူလာကြောင်း မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ဒုရဲအုပ်ဝင်းနိုင်က တရားလိုပြုလုပ်တိုင်တန်း ရာ ဇာသပြင်နယ်မြေရဲစခန်းက (ပ)၄ဝ/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈ဝ/ကျင့်-၅၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ