အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ဟားမတ်အဖွဲ့နဲ့ ပါလစ္စတိုင်းသမ္မတတို့က ဂျေရုဆလင်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်တယ်လို့ စွပ်စွဲလိုက်ပါတယ်။
အဲဒီအပေါ် ပြင်းထန်စွာ တုန့်ပြန်သွားမယ်လို့လည်း အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။
ပါလစ္စတိုင်းသမ္မတကတော့ ဒီအကြမ်းဖက်မှုကို သူကလည်း ရှုံ့ချတယ်လို့ ပြောသွားခဲ့ပါတယ်။
အမေရိကန်ကလည်း ဒီလုပ်ရပ်ဟာ အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုပြီး ရှုံ့ချခဲ့ပါတယ်။
ပါလစ္စတိုင်း နှစ်ဦးရဲ့ လက်ချက်ကြောင့် ဂျူးဘာသာရေး ခေါင်းဆောင် ၄ ဦးသေဆုံးပြီး တခြား လူ ၈ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသူ ၃ ယောက်ကတော့ အမေရိကန်နဲ့ အစ္စရေးနိုင်ငံသား ခံယူထားတဲ့ ဘာသာရေး ခေါင်းဆောင်တွေဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ဗြိတိန်နဲ့ အစ္စရေးနိုင်ငံသား ခံယူထားသူ ဖြစ်တယ်လို့ သိရပါတယ်။
![]() |
| သေဆုံးသွားသူတွေရဲ့ ဈာပနာကို တွေ့ရစဉ် (Credit: Reuters) |




































No comments:
Post a Comment