Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 18, 2014

ဆန္ဒပြ အလုပ်သမား ၁ဝဝ အလုပ်ဖြုတ် ခံရ

18 November 2014 04:28(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
ဒဂုံ အရှေ့ပိုင်း စက်မှုဇုံက စင်ကျူရီ အထပ်သား စက်ရုံမှာ အလုပ်သမား ၁ဝဝ ကျော် ရှိတဲ့အနက် ၁၀ဝ နီးပါးဟာ အလုပ် မဆင်းဘဲ ဆန္ဒပြလို့ ဆိုပြီး အလုပ်က ဖြုတ် လိုက်လို့ စက်ရုံရှေ့မှာ ဆန္ဒပြ ခဲ့ပါတယ်။

အရင်ရက်တွေ ကတည်းက အဆင်မပြေ ဖြစ်နေတဲ့ စင်ကျူရီ အထပ်သား စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမား ကြား ဖြစ်နေတဲ့ ပြဿနာကို အလုပ်သမားအရေး လုပ်နေသူတွေက ကြားဝင်ပေးပေမယ့် အဆင်မပြေ ထပ်ဖြစ်လို့ အလုပ်သမား ၁ဝဝ နီးပါး အလုပ်မဆင်းဘဲ ဆန္ဒပြရာက အလုပ်ရှင်ဘက်က ဒီအလုပ်သမားတွေကို အလုပ်ဖြုတ် လိုက်တာပါ။

အလုပ်ရှင်နဲ့ အလုပ်သမား ကြား ပြဿနာကို ဖြေရှင်း ပေးဖို့ အလုပ်သမား ကိုယ်စားလှယ် ၄ ယောက် ကို ခေါင်းဆောင်တင်ပြီး ရပိုင်ခွင့်တွေ တောင်းဆို ခိုင်းရာက ခေါင်းဆောင် လေးယောက် ကို ဖြုတ်လိုက်တာ အပြင် ဒီခေါင်းဆောင် တွေ အလုပ် ပြန်ခန့်ရေး တောင်းဆို ခဲ့လို့ နောက်ထပ် ၁၀ဝနီးပါး ထပ်ဖြုတ် လိုက်တာ လည်း ဖြစ်ပါတယ်။

အလုပ်သမား တွေဟာ နှစ်ဆန်းပိုင်း ကတည်း က အလုပ်သမား တွေကို ကျွမ်းကျင်မှု အဆင့် အလိုက် ရာထူးနဲ့ လခတိုး ပေးဖို့၊ လုပ်ငန်းခွင် အလိုက် တာဝန် ခွဲဝေပေးဖို့၊ စက်ရုံတွင်း ကျန်းမာရေး အတွက် သန့်ရှင်းရေး ကောင်းမွန် အောင် လုပ်ပေးဖို့ တောင်းဆို ခဲ့ကြတာပါ။

အဲလို တောင်းဆို နေရင်းကနေ ခုလို အဆင်မပြေမှုတွေ ဖြစ်ပြီး အလုပ်သမား ရာနဲ့ချီ ပြီးတော့ အလုပ်လက်မဲ့ ဖြစ်သွားတာပါ။

စင်ကျူရီ စက်ရုံ တာဝန်ရှိသူကို ဘီဘီစီ က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အလုပ်သမားတွေ နဲ့ အလုပ်သမား အရေး လုပ်နေသူတွေကတော့ အလုပ် ပြန်ရဖို့ထက် အလုပ်သမား တွေရဲ့ ဂုဏ်သိက္ခာအတွက် ဆက်ပြီး ဆန္ဒပြမှုတွေလုပ်သွားမယ်လို့ ပြောကြပါတယ် ။



ရန်ကုန် စက်ရုံ ဆန္ဒပြပွဲတခု မြင်ကွင်း


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ