Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 18, 2014

မူးယစ်မှုဖြင့်ချိတ်ပိတ်ခံရသည့် GLG ဆီဆိုင်ပိုင်ရှင်ဖမ်းမိရေး အာဏာပိုင်များ ရှာဖွေစစ်ဆေး

18 November 2014 04:26(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
နိုဝင်ဘာ ၁၇ ရက် ၂၀၁၄

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ဟွေ့အော့ကျေးရွာ အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင် တရုတ်တဦး ပိုင်ဆိုင်သည့် ပစ္စည်းများ အားလုံးအား ဝ တပ်ဖွဲ့နှင့် အစိုးရတို့ ပူးပေါင်းချိတ် ပိတ်လိုက်သည့်နောက် ၎င်းအား ဖမ်းဆီးနိုင်ရေး အတွက် ယနေ့တိုင် လိုက်လံ စစ်ဆေးမှုပြု နေဟုဆိုသည်။

ဓါတ်ဆီဆိုင်၊ ရာဘာခြံ၊ အုတ်လုပ်ငန်းရှင် အားလီ ခေါ် အားကွမ်း ဆိုသူကို မူးယစ်ထုံထိုင်း စေတတ်သော ယာအိုက်စ်၊ ယာဘဆေးပြား၊ ဘိန်းဖြူ နှင့် တခြားမူးယစ်ဆေးဝါးများအား ဗီဂို့ ကား နှစ်စီးဖြင့် ပူနားကိုမှတဆင့် မိုင်းတွမ်းသို့ ဘိလပ်မြေအိပ်ဝင်တင်ရာ ခမယ ၅၅၃ က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ပိုင်ရှင်ဖြစ်သူ တရုတ်အမျိုးသား အားကွမ်း(ခေါ်) ဦးအိုက်လီ မှာ မိုင်းတွမ်းရွာအထွက် လိမ္မော်ခြံအနီးတွင် ထွက်ပြေးလွတ်မြောက် သွားကြောင်း နီးစပ်သူ တဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

“ချိတ်ပိတ်တဲ့ဟာတွေက ဝေရှော့ယင်ဟာတွေမဟုတ်ဘူး။ ဦးအာကွမ်း ခေါ် အိုက်လီ ရဲ့ ဟာ တွေပါ။ သူက Green Land Group ဓါတ်ဆီဆိုင်ပိုင်ရှင်လေ။ ဒေသခံအာဏာပိုင်နဲ့ တော့ ပိုင်တယ်သူက။ အကုန်ကျွေးထားနိုင်တယ်လေ” - ဟု အမည်မဖေါ်လို သည့်မိုင်းတွမ်းသား တဦး က ပြောသည်။

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ ဦးအိုက်လီ သည် ထိုင်းနိုင်ငံထဲသို့ တိမ်းရှောင်လွတ်မြောက်နေသည်ဟု ဆိုပါသည်။

‘ဦးအိုက်လီ ထွက်ပြေးလွတ်မြောက်သွား တာဟာ မယုံချင်စရာဘဲ၊ မိုင်းတွမ်းကနေ ထွက် လာ တုန်းက သူပါလာတယ်။
လိမ္မော်ခြံနားရောက်တော့ ပျောက်သွားတယ်။ ဒါက သူမကျွေးမွေး ထားနိုင်ရင် ဘယ်သူက လွတ်ပေးမလဲ၊ စဉ်းစားစရာပါ” - နီးစပ်သည့် နားကောင်းမူးရွာခံတဦးက ပြောသည်။

ခရီးသွားတွေကို စစ်ဆေးတာက တပိုင်းပေါ့၊ အဓိကကတော့ အိုင်အက်စ်လို့ ယူဆနိုင်တဲ့ မွတ်စလင် ဘာသာဝင်ကိုးကွယ်တဲ့ ခရီးသွားတွေကို စစ်တာ၊ နောက်တခုက အဲဒီ အားကွမ်း ဆိုတဲ့သူကိုရှာ တာ။ သူတို့ ကားပေါ် လှမ်းကြည့်လိုက်ရုံသိနိုင်တယ်ဆိုပဲ။ သူတို့မှာ ဓါတ်ပုံရှိ တယ်တဲ့။ အဲတာတောင်မှ ထွက်ပြေး လွတ်မြောက်တယ်ဆိုတဲ့ကိစ္စ သံသယ ဖြစ်စရာပေါ့” - ဟု မိုင်းတုံ ဘီပီဝမ်း ထိုင်းနယ်စပ်ဘက် သွားလာသည့် ခရီးသွား စိုင်းအိုက်ခမ်း က ပြောသည်။



ဓါတ်ပုံ- ချိတ်ပိတ်ခံရ တရုတ်အမျိုးသား အားကွမ်း ခေါ် အားလီ၏ လုပ်ငန်းများ



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ