ဆွစ်ဇာလန်နိုင်ငံ တောင်ပိုင်းနှင့် အီတလီနိုင်ငံ မြောက်ပိုင်း ဒေသများ၌ ရက်အတန်ကြာ သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့် နိုဝင်ဘာ ၁၆ ရက်တွင် လူနေအိမ်များ ပေါ်သို့ ရွှံ့မြေများ ပြိုကျကာ လူလေးဦးထက် မနည်း သေဆုံးကြောင်း ဒေသဆိုင်ရာ သတင်းများ၌ ဖော်ပြသည်။
ဆွစ်ဇာလန်နိုင်ငံ လူဂါနိုမြို့အနီးရှိ နေအိမ်တစ်လုံးပေါ်သို့ ရွှံ့ညွန်တံတိုင်း ပြိုကျမှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။
လူဂါနိုမြို့နှင့် မျက်နှာချင်းဆိုင် အီတလီနယ်စပ်အနီးတွင် မြေပိကျမှု ကြောင့် အငြိမ်းစားတစ်ဦးနှင့် ၎င်း၏ မြေးမလေးတို့ သေဆုံးခဲ့သည်။
ဆွစ်ဇာလန်နှင့် အီတလီနှစ်နိုင်ငံ အာဏာပိုင်များက မိုးအဆက်မပြတ် ရွာသွန်းမည်ဟု ခန့်မှန်းထားပြီး အဆိုပါဒေသများ၌ ရေကြီးရေလျှံမှု များ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးချက် ထုတ်ပြန်ထားသည်။
ဆွစ်ဇာလန်နှင့် အီတလီနိုင်ငံများ အတွင်းရှိ လူဂါနိုနှင့် မက်ဂီသိုနီ ရေကန်ကြီးများတွင် ရေမျက်နှာပြင် များ ဘေးအန္တရာယ်ရှိသည့်အဆင့်သို့ မြင့်တက်လာနေသည်။
ယင်းဒေသအတွင်း၌ ရက်အနည်း ငယ်အတွင်း ရွာသွန်းခဲ့သောမိုး ယခုနှစ်အတွင်း ပုံမှန်ရွာသွန်းရာ၌ မျှော်လင့်ထားသည်ထက် ပိုမိုနေ မည်ဟု သတင်းတွင်ဖော်ပြသည်။
မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် အီတလီမြောက်ပိုင်းမှ ဗီဂျီဗာနိုမြို့ အနီးရှိ တီစီနိုမြစ်ကမ်း၌ ရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သတင်းတွင် ဖော်ပြသည်။




































No comments:
Post a Comment