Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 18, 2014

SSA ရွှေရတုအထိမ်းအမှတ် T- Shirt ဝတ် ရွာသားနှစ်ဦး အစိုးရတပ်ခေါ်ယူထိန်းသိမ်း

18 November 2014 04:23(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
နိုဝင်ဘာ ၁၇ ရက် ၂၀၁၄

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် ချောင်းကူး တံတားစောင့် အစိုးရ တပ်မတော်၏ ကင်းစခန်း က သျှမ်းပြည်တပ်မတော် SSA (SSPP) ရွှေရတု အမှတ်တရ အင်္ကျီ ဝတ်သည့် ရွာသား နှစ်ဦးအား စကခ ၂ ရုံးအဖွဲ့ လုံခြုံရေး ကင်းစခန်းမှ ခေါ်ယူစစ်ဆေးကာ တရက် ထိန်းသိမ်းလိုက်သည်ဟု သိရသည်။

နှစ် ၅၀ ပြည့် သျှမ်းပြည်တပ်မတော် ရွှေရတု အထိမ်းအမှတ် တီရှပ်အင်္ကျီ ဝတ်သည့် မိုင်းရှူး မြို့နယ် ဝမ့်ဆော့ကျေးရွာအုပ်စု မိုင်းအတ်ကျေးရွာသား စိုင်းစိန်နှင့်စိုင်းယုံးနှစ်ဦးအား နမ့်ကတ် တံတား တပ်စခန်းစောင့် စကခ ၂ တပ်မှူး ၏ ရုံးအဖွဲ့ လုံခြုံရေးကင်း စခန်းစောင့် တပ်ဖွဲ့မှ နိုဝင်ဘာ ၁၂ ရက်နေ့က ခေါ်ယူ စစ်ဆေးကာ တနေကုန် ထိန်းသိမ်းထားသည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

“သျှမ်းပြည်တပ်မတော် နဲ့ ဒေသခံလူထုနဲ့ ကင်းကွာအောင်လုပ်နေတာ။ သျှမ်းစကားပုံကို တိုက်ရိုက် ဘာသာပြန်ပြီးပြောရရင် မျောက်ကြောက်အောင် ကြက်လည်လှီးပြတာဘဲ(ပꨤတ်ꨲေꨁဳးꨀꨯꨲေꨓလိင်း) လေ။ ကျေးလက်လူထုထိပ်လန့် အောင် လုပ်ပြတာလေ” - ဟု မိုင်းရှူးမြို့ ရပ်မိရပ်ဖ တဦးကပြောသည်။

မိုင်းရှူးမြို့နှင့် တန်းဖယ်ကျေးရွာကြား ရှိ နမ့်ကတ်တံတားဦး စောင့်တပ်သည် စကခ ၂ တပ်မှူး လက်အောက်ခံ ရုံးအဖွဲ့လုံခြုံရေး တပ်ခွဲတခုဖြစ်ကြောင်း၊ အဆိုပါ ရွာသား နှစ်ဦးအား ဝမ့်ဆော့ ရွာ အုပ်ချုပ်ရေးမှူး အာမခံချက်ဖြင့် အဆိုပါညနေပိုင်းတွင်ပြန်လည်လွတ်မြောက် လာပြီး ဖြစ် သည်ဟု SSA တပ်မှူးတဦးက ဤကဲ့သို့ပြောသည်။

‘အပြစ်မဲ့ပြည်သူလူထုကို အဲဒီလိုမလုပ်သင့်ဘူး။ အဲဒီလိုပတ်သက်ဆက်နွယ်တိုင်း ဖမ်းကြေး ဆိုရင်လေ ဗမာ့တပ်မတော်နဲ့ ဆက်သွယ်တဲ့ လူတိုင်းကိုလည်း ကျနော်တို့ ဆင့်ခေါ်ဖမ်းဆီး လို့ရတာဘဲ။ ဒါပေမယ့် ကျနော်တို့ ဒါမျိုးမလုပ်ဘူး။ ကျနော်တို့ သိရတာနောက် ကျတယ်။ သိတဲ့အချိန် ဝမ့်ဆော့ ရွာသူကြီးက သူတို့ကို အာမခံနဲ့ ရွေးထုတ်သွားပြီလေ” - ဟု ပြောသည်။

အစိုးရတပ်နှင့် နီးစပ်သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက - “၎င်းတို့ထံ ဘာပစ္စည်းမှသိမ်းဆည်း နိုင်ခြင်းမရှိ၊ သျှမ်းပြည်တပ်မတော်ထုတ် အင်္ကျီနှင့် ကျောပိုးအိတ်စိမ်း ပိုးသွားသည့်အတွက် နေ့တဝက်ခန့် သာ ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း ꨸ ပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် နေပြည်တော်အစိုးရနှင့် ပြည် ထောင်စု အဆင့်ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ