Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

ဟောင်ကောင်သပိတ်စခန်း ရဲရှင်းလင်း

19 November 2014 05:02(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
စက်တင်ဘာလကတည်းက စတင်လာခဲ့တဲ့ ဟောင်ကောင်မြို့လယ် လမ်းမပေါ်က သပိတ်စခန်းကို အာဏာပိုင်တွေက ဒီကနေ့ အစောပိုင်းမှာ စတင် ရှင်းလင်းခဲ့ပါတယ်။

ဟောင်ကောင် အစိုးရရုံးချုပ်နားက စီးပွားရေး အချက်အချာကျတဲ့ Admiralty ရပ်ကွက်လမ်းမတွေပေါ် ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ရှင်းလင်းဖို့ဆိုတဲ့ တရားရုံး အမိန့်စာကို တာဝန်ရှိသူတဦးက လာဖတ်ပြပြီးနောက် ရှင်းလင်းရေးတွေ စလုပ်ခဲ့တာပါ။

ဆန္ဒပြသူတွေဘက်ကတော့ တားဆီးဟန့်တား တာမျိုးမရှိဘဲ သူတို့ရဲ့တဲတွေ၊ ပစ္စည်းတွေကိုယူပြီး ရဲတပ်ဖွဲ့ ထွက်ခွာသွားတဲ့ နေရာလွတ်တွေဆီ ရွှေ့သွားကြပါတယ်။ အခုနေရာနဲ့ ဆိပ်ကမ်းရဲ့ တဖက်က Mong Kok ခရိုင်နေရာတွေကို ရှင်းလင်းဖို့ ဟောင်ကောင်တရားရုံး တခုက ပြီးခဲ့တဲ့ သီတင်းပတ်ထဲ  အမိန့်ထုတ်ထားတာပါ။

ဟောင်ကောင်၊ တရုတ်တက္ကသိုလ်က မကြာသေးခင်ကကောက်ယူတဲ့ လူထုစစ်တမ်း တခုမှာ ဆန္ဒပြပွဲတွေကို အဆုံးသတ်သင့်ပြီလို့ အများစုက ပြောထားတာ ထွက်လာပြီးတဲ့နောက် အခုလို ရှင်းလင်းတာလည်း ဖြစ်ပါတယ်။

စစ်တမ်းမှာပါတဲ့ လူ ၁,၀၀၀ ကျော်ထဲမှာ ၄၃ ရာခိုင်နှုန်းက ဆန္ဒပြပွဲကို ဆန့်ကျင်ပြီး ၃၄ ရာခိုင်နှုန်းက ထောက်ခံပါတယ်။ ဒါပေမဲ့ လည်း ၆၇% ကတော့ ဆန္ဒပြသူတွေ အိမ်ပြန်သင့်ပြီလို့ ပြောကြပါတယ်။ ၂၀၁၇ ခုနှစ် ဟောင်ကောင်မှာ ကျင်းပမယ့် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေကို အပြည့်အ၀ ဒီမိုကရေစီနည်းကျ ကျင်းပဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေတာပါ။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ