Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

ဦးထင်လင်းဦး ဟောပြောချက် NLD နဲ့ မသက်ဆိုင်ကြောင်း ထုတ်ပြန်

19 November 2014 05:03(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
စာရေးဆရာ ထင်လင်းဦးရဲ့ စာပေဟောပြောပွဲ ဟောပြောချက်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထား မဟုတ်ကြောင်း NLD ဗဟိုဌာနချုပ်က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှ စံပြကျေးရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က စာပေဟောပြောပွဲ ကျင်းပခဲ့ပါတယ်။

အဲ့ဒီဟောပြောပွဲမှာ ဗုဒ္ဓမြတ်စွာဘုရား၊ လူမျိုးနဲ့ အယူဝါဒပိုင်းဆိုင်ရာကို ထည့်သွင်းဟောပြောခဲ့ပါတယ်။ အဲဒီလိုဟောပြောချက်နဲ့ ပတ်သက်ပြီး အမျိုး၊ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကန့်ကွက်တယ်ဆိုပြီး ကြေညာချက်ထုတ်ြပန်ခဲ့ပါတယ်။

အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် အမည်ကိုပါ ဆွဲထည့်တာဖြစ်တဲ့အတွက် အခုလို ကြေညာချက်ထုတ်ရတာ ဖြစ်တယ်လို့ NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"စာပေဟောပြောပွဲတွေဆိုတဲ့ကိစ္စက သူတို့သီးသန့်ကြိုက်တဲ့ စာရေးဆရာများကိုပေါ့နော် သူတို့သီသန့်ဖိတ်ခေါ်ပြီးတော့ ဟောပြောကြတယ်၊အဲ့ဒီလို ဟောပြောကြရာကနေပြီးတော့မှ ဒီလိုဟောပြောတဲ့ စာရေးဆရာနဲ့ အတိုက်အခံတစ်ဦးဖြစ်လာတဲ့အခါမှာ ကျနော်တို့ NLD ကိုဆွဲပြီးတော့ထည့်တာ ကျနော်တို့က ဘာဖြစ်လဲဆိုလို့ရှိရင် ဘုန်းကြီးတွေက ဆရာထင်လင်းဦးပြောခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ဆန္ဒပြမယ်လို့ သူတို့ကြားတယ်လို့ သူတို့သတင်းရလို့ ကျနော်တို့ကတော့ ပထမဆုံးအကြိမ် ခဲခဲယဉ်းယဉ်မဖြစ်အောင်ဖြစ်လုပ်တာ ချောင်းဦးမှာဟောပြောပွဲကို ဖိတ်တုန်းကလည်း ဒါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ပေါ့နော် ကျနော်တို့သိတာမဟုတ်ပါဘူး"

အဲ့ဒီဟောပြောတဲ့ စီဒီခွေတွေကိုလည်း လိုက်လံဖြန့်ချီနေတာတွေ ရှိတယ်လို့ သိရပါတယ်။

စာရေးဆရာ ထင်လင်းဦးဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်နဲ့ စာပေရေးသားတာတွေ၊ ဟောပြောတာတွေ မပြုလုပ်ဖို့ ယာယီကန့်သတ်တားမြစ်ထားတယ်လို့လည်း သိရပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ