Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

ဗုံး​ကွဲ​မှု​နဲ့ ပတ်သက်​ပြီး မြန်မာ​ဘက်​က လူ​တစ်​ဦး ဖမ်းဆီး​ထား​ကြောင်း အိန္ဒိယ​ရဲ ဆို

19 November 2014 05:15(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
အိန္ဒိယ ရဲ့ အနောက်ဘင်္ဂ္လား ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှု တစ်ခုနဲ့ ပတ်သက်ပြီး၊ မြန်မာ နိုင်ငံဘက်က လူတစ်ဦးကို ဖမ်းဆီးထားတယ် ဆိုပြီး အိန္ဒိယရဲ့ အကြမ်းဖက် တိုက်ဖျက် ရေး ဌာန က ပြောပါတယ်။

အဲဒီ့ ခါလစ် မိုဟာမက် ဆိုသူဟာ လက်လုပ်ဗုံး ပြုလုပ်ခဲ့တယ် ဆိုပြီး သံသယ အရှိခံရသလို၊ ရိုဟင်ဂျာ မွတ်ဆလင်မ် သွေးစည်းညီညွတ်ရေး အဖွဲ့ RSO ရဲ့ အဖွဲ့ဝင်တစ်ဦး ဆိုပြီးတော့ လည်း စွပ်စွဲ ခံထား ရပါတယ်။

အသက်၂၈ နှစ်အရွယ် ခါလစ်ဒ် မိုဟာမက်ဒ်ဟာ မြန်မာ ဘင်္ဂ္လားဒေ့ရှ် နယ်စပ် အခြေစိုက် RSO အဖွဲ့ရဲ့ လေ့ကျင့်ရေး စခန်းတွေကို ဦးဆောင် လှုပ်ရှားနေသူ ဖြစ်ပြီး၊ ဖောက်ခွဲရေး ပစ္စည်း ကျွမ်းကျင်သူ တဦး ဖြစ်တယ် လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ အဖွဲ့က ပြောကြောင်း IBN အိန္ဒိယ ရုပ်မြင်သံကြား သတင်းဌာန မှာ ဖော်ပြ ထားပါတယ်။

သူဟာ စာရွက်စာတမ်း အတုတွေနဲ့ အိန္ဒိယနိုင်ငံမှာ နေထိုင်နေပြီး ပါကစ္စတန် အခြေစိုက် လက်နက်ကိုင် အုပ်စုတွေ ဆီမှာ သင်တန်းတွေ တက်နေတယ် ကြောင်း အစောပိုင်း စုံစမ်း စစ်ဆေးချက်တွေ အရ သိရတယ် လို့လည်း ဆိုပါတယ်။

သူ့ကို ဖမ်းဆီးမိစဉ် IS အစ္စလာမစ် လက်နက်ကိုင် အဖွဲ့ အပါအဝင် ဂျီဟာ့ဒ် ဝါဒီတွေ နဲ့ ဆိုင်တဲ့ စာရွက် စာတမ်းတွေ၊ ဖောက်ခွဲရေး ပစ္စည်း ထုတ်လုပ်နည်း စာရွက် စာတမ်းတွေ လည်း တွေ့ခဲ့ကြောင်း ရဲက ပြောပါတယ်။

သူ့ကို ဖမ်းဆီးခဲ့တဲ့ အကြောင်းအရင်း ဖြစ်တဲ့ ဘာ့ဒ်ဝန် ခရိုင်က အိမ်တစ်လုံး ပေါက်ကွဲမှုဟာ အကြမ်းဖက် အဖွဲ့တဖွဲ့ နဲ့ ဆက်စပ် နေတဲ့သူတွေ လက်လုပ်ဗုံးတွေ လုပ်နေရင်း ဖြစ်ပွားခဲ့တာ လို့ ရဲက ပြောပါတယ်။

ပေါက်ကွဲမှု အတွင်း လူ၂ ဦး သေဆုံးခဲ့ပြီး ဒီပေါက်ကွဲမှု နဲ့ ပတ်သက်လို့ လောလောဆယ် လူ ၁၂ဦး ကို ထိန်းသိမ်း ထားပါတယ်။

ဒီလူတွေဟာ ဘင်္ဂ္လားဒေ့ရှ် အခြေစိုက် မတရားသင်း ကြေညာ ခံထားရတဲ့ ဂျမာတူလ် မူဂျာဟေဒီးန် ဘင်္ဂ္လားဒေ့ရှ် အဖွဲ့နဲ့ ဆက်နွယ် နေတယ် လို့လည်း ရဲက ပြောပါတယ်။



ဘာ့ဒ်ဝန်ခရိုင် အိမ်ပေါက်ကွဲမှုမှာ မြန်မာ နိုင်ငံက လူတစ်ဦးကို ဖမ်းထားကြောင်း အိန္ဒိယ ရဲတွေက ပြောပါတယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ