Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

ငြိမ်းချမ်းရေး ဆောင်ရွက် နေချိန် ပုဒ်မ ၁၇ (၁) မရှိသင့် SNLD ပြော

19 November 2014 05:12(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
နိုဝင်ဘာ ၁၈ ရက် ၂၀၁၄

အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆောင်ရွက်နေချိန် မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဥပဒေကို မကျင့်သုံးသင့်ကြောင်း ၊ ခေတ္တ ရပ်နားထားသင့်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှုး ဦးစိုင်းညွန့်လွင်က ပြောသည်။

“ငြိမ်းချမ်းရေး ရဖို့တွက် ဆွေးနွေးတယ် ဆိုတဲ့အခါမှာ ဒီဥပဒေပုဒ်မတွေကို ကျင့်သုံးနေမယ်ဆိုရင် ကျနော်တို့အတွက် အများကြီးအန္တရာယ်ရှိတယ်” ဟု ၄င်းကပြောသည်။

မတရားအသင်းဆက်သွယ်မှု ၁၇(၁) ပုဒ်မ ဥပဒေကြောင့် လူထုအနေဖြင့် ငြိမ်းချမ်းရေးကိစ္စများတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ ဖမ်းဆီးထောင်ချခြင်းများ ကြုံတွေ့နေရသည့်အတွက်ငြိမ်းချမ်းရေးတွင်လူထုပါဝင်မှုအားနည်းနေသည်ဟုသိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ဒုတိယ ဥက္ကဌရဲဘော်မျိုးဝင်းက “ ၁၇ (၁) ဘယ်လောက်အရေးကြီးလဲဆိုတာ ကျနော်တို့ လှုပ်ရှားမှုကြောင့် ဖြစ်လာမယ့် အကျိုးဆက်ကို တချို့လူတွေက ဒီဥပဒေရှိတဲ့အတွက်ကြောင့် သူတို့မလာချင်ဘူး ဆိုပြီးဖြစ်လာတယ်။ ကြောက်ရင်လည်း ကြောက်မှာပေါ့” ဟုဆိုသည်။

ABSDF အနေနှင့် ကျဆုံးသွားသောရဲဘော်များအားတစ်နိုင်ငံလုံးကိုယ်စားပြု ဂုဏ်ပြုပွဲများ လုပ်မည်ဆိုလျှင် ပုဒ်မ ၁၇ (၁) ကြောင့်လွတ်လွတ်လပ်လပ်လုပ်ဆောင်ခွင့်မရဘဲ အစိုးရနှင့်ညှိပြီးလုပ်ရသည်။ ပြည်နယ်အစိုးရနှင့်လည်းညှိရသည်ဟု ၄င်းကပြောသည်။

“အစိုးရအနေနဲ့၁၇ (၁) ကိုကိုင်ထားတယ်ဆိုတာကျနော်တို့ သွားလာလှုပ်ရှားမှုကို သိနိုင်ဖို့အတွက် အဓိကလုပ်ထားတာဘဲ” ဟု ၄င်း၏အမြင်ကိုပြောသည်။

အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးနေသောလက်နက်ကိုင်အဖွဲ့အစည်းများကို မတရားအသင်း သတ်မှတ်ထားသည့်အတွက် ငြိမ်းချမ်းရေးတွင် လူထုပါဝင်နိုင်ရန် အဟန့်အတားတစ်ခုဖြစ်နေကြောင်း တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးကော်မတီဝင် ဒေါ်ဒွဲဘူ ကပြောသည်။

အစိုးရအနေဖြင့် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးလျှင် မတရားအသင်းကိုဖျက်သိမ်းဖို့ နှစ်ဘက်သဘောတူညီမှု ရထားပြီး ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ ခေတ္တ ဖြုတ်ထားကြောင်း မြန်မာငြိမ်းချမ်းရေးဗဟိုဌာနMPC မှအပစ်အခတ်ရပ်စဲရေးဒါရိုက်တာဒေါက်တာမင်းဇော်ဦးက ပြောပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ