Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, August 25, 2014

ဆန့်ကျင်ဘက်ရဲ့ အလှတရား



“စိတ်”...ဆိုတာ ပြောင်းလဲတတ်တယ် တဲ့...
မတည်မြဲဘူး..အမြဲတန်းပြောင်းလဲနေတဲ့အရာတဲ့..။
တချို့လူတွေ ဟာ ..ကိုယ်ဖြစ်ချင်တဲ့ အရာကို မဖြစ် ဖြစ်အောင် လုပ်မယ်
ဆိုတဲ့ စိတ်နဲ့ လုပ်တတ်ကြတယ်..(ဖြစ်အောင်အထိလဲစိတ်မပြောင်းတတ်ကြဘူး) ။




တချို့လူတွေကတော့ ရည်မှန်းထားတာကတစ်မျိုး...
လက်တွေ့ရည်မှန်းတာနဲ့ မကိုက်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့
အခြေအနေပေါ်မူတည်ပြီး မူလရည်မှန်းချက် မူလစိတ်ကနေ
အခြေအနေကို လိုက်ပြီးတော့ ပြောင်းသွားတတ်ကြတယ်..။
(လက်ရှိအခြေအနေရဲ့ ဦးဆောင်ရာနောက်ကို စိတ်ဓာတ်တွေ ယိုင်ပါသွားတတ်တယ်) ..

ဥပမာ။ ။ ဆယ်တန်းအောင်ရင် တက္ကသိုလ်တက်မယ်ဆိုတဲ့
လူငယ်လေးတစ်ယောက်ဟာ..မထင်မှတ်ပဲ စာမေးပွဲ ကျသွားတဲ့အခါ..ပါတ်ဝန်ကျင်ရဲ့ရိုက်ခတ်မှုနဲ့နောက်ဆုံးတော့ ဆယ်တန်းဖြေဖို့..
ထပ်မကြိုးစားတော့ပဲ..ရရာအလုပ်ဖြစ်တဲ့ ..ဝပ်လျှော့တစ်ခုမှာ ဝင်လုပ်ခဲ့တယ်..။

တချို့လူတွေ ကျပြန်တော့ လက်ရှိအခြေအနေကို ဆန့်ကျင်ပြီး မတူညီတဲ့
စိတ်တွေ ထားတတ်ကြတယ်..။
(လက်ရှိအခြေအနေရဲ့ လွှမ်းမိုးမှု ဒါဏ်ကို တုန့်ပြန်တွန်းလှန်ပြီး
ဆန့်ကျင်ဘက် စိတ်တွေနဲ့ နေထိုင်လုပ်ကိုင်တတ်ကြတယ်.)..။

ဥပမာ။ ။ ရေခဲချောင်းသည် သားက ဆရာဝန်မဖြစ်နိုင်ပါဘူးဆိုတဲ့..
အထင်သေးစကားကို ဆန့်ကျင်ပြီး ကြိုးစားလို့ ဆရာဝန်ဖြစ်လာတဲ့..
ဆရာဝန်တယောက်ကိုလဲ တွေ့ခဲ့ဖူးတယ်..။
တကယ်တော့
ဒါတွေအားလုံးဟာ နာကျင်တဲ့ ခံစားချက်တွေကို ဆန့်ကျင်ပြီး ဖြစ်ပေါ်လာတဲ့
“စိတ်”ကိုအရင်းခံတဲ့ ကြိုးစားမှုကြောင့် ရလာတဲ့ ရလဒ်မဟုတ်ပါလား..။

ကျွန်တော်ရဲ့ “စိတ်” မှာလဲ..အဲဒီလိုစိတ်မျိုးရှိတယ်...။
အဲဒါကတော့..သူများမလုပ်ချင်တဲ့...မလုပ်နိုင်တဲ့..အရာတွေကို
ရွေးပြီးလုပ်တတ်တယ်..။သူများနဲ့ ဆန့်ကျင်ဖက်ပေါ့..။

ကျွန်တော် ငယ်ငယ်တုန်းက...
သူငယ်ချင်းတွေကပြောတယ်.“.အဲဒီ ကောင်လေးနဲ့ မပေါင်းနဲ့” တဲ့..။
“စိတ် သိပ်မမှန်ဘူး”..တဲ့..။ကျွန်တော် အဲဒီကောင်လေးနဲ့ သူငယ်ချင်းဖြစ်သွားတယ်..။
သူက မွေးရာပါ စိတ် သိပ်မပြည့်ဘူး..။ဒါပေမဲ့ အသိစိတ်ရှိတယ်..၊
ကျွန်တော်ကိုလဲ..အရမ်းခင်တယ်..။သူနဲ့ ကစားမဲ့ သူဆိုလို့..ကျွန်တော်ပဲရှိတာကိုး..၊
“ ငါ့မှာ သူငယ်ချင်းရှိတယ် ကစားဖော်ရှိတယ်..အပြစ်ပယ်ခံ မဟုတ်ဘူး”ဆိုတဲ့ ..
“အား” လေးကို..သူ..“ရ” သွားလို့...ကျွန်တော် ကြည်နူးမိတယ်..။မကြာပါဘူး..
သွေးကင်ဆာနဲ့ သူဆုံးသွားတယ်..။

အဲဒီလိုပဲ..ကျောင်းမှာတုန်းကပေါ့...ကျွန်တော်တို့ အတန်းထဲမှာ ယောကျားလေးတွေကို
အဖက်မလုပ်တဲ့..ကောင်မလေးတယောက်ရှိတယ်..။
ကျွန်တော်သူငယ်ချင်း(ယောကျားလေး)တွေ ဆိုရင် သူ့ကိုအရမ်းမုန်းတာ..“ကြီးကျယ်လို့” တဲ့..။
ယောကျားလေးတွေကို ကြည့်တာက အစ..အဖက်မတန်သလိုပဲ...။
ကျွန်တော် အဲဒီကောင်မလေးနဲ့ သူငယ်ချင်းဖြစ်အောင်လုပ်တယ်..။
“သူ ဘာကြောင့် အဲဒီလို ဖြစ်နေရတာလဲ” ပေါ့..။
အမှန်က ..သူငယ်ငယ်လေးကတည်းက..သူ့အဖေက သူတို့မိသားစုကို
ပြစ်ပြီး နောက်အိမ်ထောင် ပြုသွားတယ်..။သူ့စိတ်က ယောကျားတွေကိုမုန်းနေတယ်..။
ကျောင်းရောက်တော့လည်း ယောကျားလေးသူငယ်ချင်း ထားချင်ပေမယ့် ...
သူက “စ” ပြီးမိတ်ဖွဲ့လို့.. အဲဒီယောကျားလေးကငြင်းခဲ့ရင်..အဖက်မလုပ်ခဲ့ရင်..”
ဆိုတဲ့ စိုးရိမ်စိတ်နဲ့..(ကြို) တွေးပြီးယောကျားလေးတွေနဲ့ ဝေးဝေးနေခဲ့တာပါတဲ့..။
နောက်တော့လည်း..ကျွန်တော်တို့ (ယောကျားလေး)အဖွဲ့ နဲ့..အဲဒီကောင်မလေး...
သူငယ်ချင်းတွေ ဖြစ်သွားကြတယ်..။

ကျွန်တော် ကျပြန်တော့လည်း တဦးတည်းသောသား ဖြစ်တာက တကြောင်း..
ကျွန်တော် အသက်(၁၃)နှစ်လောက်မှာ ဖေဖေဆုံးခဲ့တယ်..။
အစိုးရဝန်ထမ်းဖြစ်တဲ့ ဖေဖေ ဆုံးပြီးနောက်..ဝန်ထမ်းအိမ်ရာကို ပြန်အပ်ပြီး..
ဘာစီးပွားရေးမှ မလုပ်တတ်တဲ့ မေမေနဲ့..ကျွန်တော်ဟာ..အားငယ်စိတ်တွေနဲ့အတူ
ဆွေမျိုးတွေနဲ့ တအိမ်ထဲမှာအတူနေရင်း အိမ်အလုပ် မှန်သမျှကို..လုပ်ခဲ့ကြရတယ်..။

ကျောင်းချိန်မှ အပ အချိန်တိုင်းလိုလိုမှာ ကျွန်တော်အတွက် အလုပ်တစ်ခုခုက
ု အမြဲ ရှိနေတတ်တယ်..။ ဒီလိုနဲ့ပဲ ကျွန်တော်ရဲ့စာကျက်ချိန်ဟာ လူခြေတိတ်တဲ့
“ည” အချိန်ဖြစ်လာခဲ့တယ်..။ “မီတာခအကုန်အကျ များတယ်”..။
ဆိုတဲ့ ပြစ်တင်စကားကြောင့် အရွယ်မတူညီတဲ့ ဖုယောင်းတိုင်
အတိုအထွာလေးတွေဟာ ကျွန်တော်ရဲ့ စာကျက်ဖော်ဖြစ်လာခဲ့တယ်..။
အဲဒီလို ကျပြန်တော့လည်း “မီးရေး ထင်းရေးစိတ်မချရဘူး” တဲ့...လေ..။

အဲဒီအချိန်က “စ” ပြီး ကျမရဲ့ စိတ်တွေဟာ အားငယ်လာတယ်..။
“အပြင်က ပြဿနာ အိမ်ကိုသယ် မလာနဲ့”...“ကိုယ့်ပြဿနာ ကိုယ် အပြင်မှာရှင်း”..“
အိမ်ကို သူငယ်ချင်းတွေ ခေါ်မလာနဲ့”...ဆိုတဲ့ တားမြစ်ချက်တွေကြားမှာ..
ကျမနေခဲ့ရတယ်..။ကိုယ်မှန်ပေမဲ့ လည်း ပြန်ပြောပိုင်ခွင့်မရှိခဲ့ဘူး..။

အဲဒီလို အားငယ်..သိမ်ငယ်...ကြောက်ရွံ့စိတ်တွေနဲ့ ဆန့်ကျင်တဲ့ ဒေါသနဲ့
ရန်လိုမှု အသွင် အပြင်တွေကို...ကျွန်တော်ရဲ့ မျက်နှာပေါ်မှာ တွေ့ရတတ်တာ
ကျွန်တော်ကိုယ် ကျွန်တော် သတိထားမိလာတယ်..။အိမ်မှာ ခံရသမျှ ကျောင်းမှာ “ဗေထိ”
ဆိုရင် ကျွန်တော်ပဲ..။သူများမလုပ်နိုင်တာတွေ ကျွန်တော် “ရ” အောင် လုပ်တယ်..။
တဖြည်းဖြည်းနဲ့..သူငယ်ချင်းတွေကြားမှာ..ကျွန်တော် လူစွမ်းကောင်းဖြစ်လာခဲ့တယ်..။

ကျွန်တော်အသက်(၂၀) မှာ Singapore နိုင်ငံ မှာ အလုပ်လုပ်နေပြီ..
၊အသက်(၂၂)နှစ်မှာ ကိုယ်ပိုင်လုပ်ငန်း “စ” လုပ်တယ်..၊ရှုံးတာရှိသလို
မြတ်တာလဲ ရှိခဲ့တယ်..၊ဘဝမှာ သင်္ခန်းစာတွေ အများကြီးရခဲ့တယ်..။
အဲဒီလိုနဲ့ ကျွန်တော်ဘဝ အခက်အခဲတွေကြားထဲမှာ..တဖြည်းဖြည်းချင်း
ရင့်ကျက်တည်ငြိမ်လာခဲ့တယ်..၊သိမ်ငယ်မှု....အနှိမ်ခံမှုတွေ..ရဲ့
ဆန့်ကျင်ဘက် ဖြစ်တဲ့ ယုံကြည်မှု..ရဲရင့်မှု...ဆိုတဲ့..စိတ်တွေ
ကျွန်တော် ရင်မှာပြည့်နှက်လာခဲ့တယ်..။

အခုဆိုရင်..တည်ငြိမ်ရင့်ကျက်တဲ့
ယောကျားတစ်ယောက်..(ကျွန်တော်) ဖြစ်လာရပြီ..

ဘဝရဲ့ အနိမ့် အမြင့် ဆိုတာ ..
ဘယ်တော့မှ တသတ်မှတ်ထဲ မရှိဘူး...
အမြဲတန်းပြောင်းလဲနေတယ်...
“စိတ်” ဆိုတာလဲ..ဒီလိုပဲ.....

သူငယ်ချင်းတို့လည်း အားငယ်သိမ်ငယ်သော “စိတ်” မှ ရဲရင့်ယုံကြည်မှု
ရှိသော “စိတ်” ဘက်သို့ပြောင်းလဲနိုင်ပြီး ...........အင်အားပြည့်ဝတဲ့...“စိတ်” သစ်များနဲ့ အတူ..
လောကရဲ့ ဒါဏ်ကို...ရဲရဲဝံ့ဝံ့ ရင်ဆိုင် အောင်မြင်နိုင်ကြပါစေ.....................။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ