Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, August 21, 2014

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ သံသယရှိ လူနာတစ်ဦး စစ်ဆေးတွေ့ရှိ

အာဖရိကအနောက်ပိုင်းဒေသရှိ နိုင်ငံများတွင် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေး ၀န်ကြီးဌာန သည် မြန်မာနိုင်ငံအတွင်းသို့ အဆိုပါရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းများ၊ နယ်စပ်ဖြတ်ကျော် ၀င်ပေါက်များတွင် အဖျားရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း၊ ရောဂါဖြစ်ပွားသော နိုင်ငံများသို့ ခရီးသွားလာမှုနှင့် လူနာနှင့် ထိတွေ့သော သံသယရှိသူများအား စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ် ကြည့်ရှုရေးအဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်စဉ် သြဂုတ်လ (၁၉) ရက်နေ့၊ ည (၈) နာရီအချိန် တွင် လေယာဉ်ခရီးစဉ်အမှတ် (8M-332) ဖြင့် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လိုက်ပါလာသော မြန်မာနိုင်ငံသား ခရီးသည်တစ်ဦးသည် ကိုယ်အပူချိန် မြင့် တက်ခြင်း၊ ကိုယ်လက်နှုံးချိခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ၎င်း၏ ခရီးသွားရာဇ၀င်အား စုံစမ်းခဲ့ရာ ၎င်းသည် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေသော အာဖရိက အနောက်ပိုင်းဒေသ၊ Guinea နိုင်ငံနှင့် Liberia နိုင်ငံများတွင် (၁၃) လခန့် အလုပ်လုပ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာကြောင်း စုံစမ်းသိရှိရသဖြင့် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း လမ်းညွှန်အရ သံသယ လူနာအဖြစ် သတ်မှတ်၍ မြောက်ဥက္ကလာပ မြို့နယ်၊ ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ လွှဲပြောင်းကုသခြင်းနှင့် ရောဂါထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ လူနာနှင့်အတူ လိုက်ပါပို့ဆောင်သူ (၄) ဦးတို့ကိုလည်း ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ လွှဲပြောင်း၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးနှင့် သမားတော်ကြီးများ ဦးဆောင်သော အဖွဲ့က လူနာအား သီးခြား ခွဲခြားထားရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊ လိုအပ်သော ဓာတ်ခွဲ နမူနာများ ရယူ၍ ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရန်ကုန်) နှင့် ညှိုနှိုင်း၍ အိန္ဒိယနိုင်ငံ၊ ပူးနေမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးခြင်းတို့ကို စီစဉ် ဆောင်ရွက်လျက် ရှိပါသည်။ ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ ရှိ/မရှိ ဓာတ်ခွဲအဖြေအား တစ်ပတ်ခန့်ကြမှသာ သိရှိနိုင်မည် ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနမှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ လေကြောင်း တာဝန်ခံနှင့် ဆက်သွယ်၍ သံသယရှိလူနာ စီးနင်းလိုက်ပါလာသော လေယာဉ်အား ရောဂါပိုး သန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် လေဆိပ်ဝန်ထမ်းများ၊ လေဆိပ်အတွင်း ပစ္စည်းများ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် တာဝန်ယူ ဆောင်ရွက်နေ သူများအား ရောဂါ ကူးစက်မှု မရှိစေရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခြင်း၊ လေဆိပ်အတွင်း Conveyor Belt ရောဂါပိုး သန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ လေဆိပ်လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် အကောက်ခွန်ဦးစီးဌာနရှိ တာဝန်ခံများနှင့် အခြားဝန်ထမ်းများအား ဆက်သွယ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ