Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, August 25, 2014

မြန်မာပြည်ကသာ ထွက်ရှိသည့် ကမ္ဘာ့အကောင်းဆုံးစိမ်းပြာရေညှိ အထွက်နည်းလာမှုကို အဖြေရှာပြီ

မြန်မာ နိုင်ငံတွင် ကမ္ဘာ့ရှားပါး သယံဇာတ တစ်ခုဖြစ်သည့် စိမ်းပြာရေညှိထုတ် လုပ်နိုင်မှုမှာ ၇၅ရာခိုင်နှုန်း အထိ လျော့ကျသွားသည့်အပေါ် ပညာ ရှင်များက ဝိုင်းဝန်းအဖြေရှာလျက် ရှိကြောင်း သိရသည်။
ယင်းစိမ်းပြာရေညှိမှာ မြန်မာ နိုင်ငံအပါအဝင် မက္ကဆီကို၊ ကင် ညာ၊ အီသီယိုပီးယား၊ တရုတ်နှင့် ချဒ်နိုင်ငံတို့ တွင်တွေ့ရှိရပြီး မြန် မာနိုင်ငံ တွင် ဒေသလေးခု၌တွေ့ရှိ ရကာ တွင်းတောင်မှထွက်ရှိသည့် စိမ်းပြာရေညှိ မှာ အကောင်းဆုံး ဖြစ်ကြောင်း သိရသည်။
အမှတ်(၃)ဆေးဝါးလုပ်ငန်းစက်ရုံ(စစ်ကိုင်း)မှ DGM ဒေါက် တာမေယုခိုင်က ''ကျွန်မတို့သတိ ထားမိတာကတော့ ၂၀၀၆မှာ Water Level မြင့်တက်လာ တာကို သတိထားမိပါတယ်။ မိုးရေချိန် လျော့ကျပေမယ့်လဲ Water Level မြင့်တက်လာတာက လျော့ကျလာ ခြင်းမရှိပါဘူး။ သူက ရေမကြိုက် ပါဘူး။ ၂၀၁၂-၂၀၁၃ မှာဆိုရင် ၇၅ ရာခိုင်နှုန်းအထိ လျော့ကျသွား တာကိုတွေ့ရပါတယ်''ဟု အောက် တိုဘာ ၁၂ရက်က ရန်ကုန်မြို့ရှိ ယုဇနဟိုတယ်၌ကျင်းပခဲ့သည့် အ လုပ်ရုံဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည်။
ယင်းနှင့်ပတ်သက်ပြီး ပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်တစ်ဦးက ''သယံဇာတ ဆိုရင် သစ်တော၊ သတ္တုတွေကိုပဲ မြင်ကြပါတယ်။ စိမ်းပြာရေညှိ ကို ဆိုရင် ရှိမှန်းလဲမသိကြပါဘူး။ ထိန်း သိမ်းရကောင်းမှန်းလဲ မသိကြပါဘူး။ ရှားပါးသယံဇာတဖြစ်တဲ့အတွက် ထိန်းသိမ်းသင့်ပါတယ်''ဟု ပြောသည်။
အဆိုပါအလုပ်ရုံဆွေးနွေး ပွဲတွင် စက်မှုဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဓာတုဗေဒ ပညာရှင် ဒေါက်တာမောင် ဒီ၊ မိုးလေဝသနှင့် ဇလဗေဒပညာ ရှင် ဒေါက်တာထွန်းလွင်၊ သစ်တော ပညာရှင်ဦးအုန်းနှင့် တက်ရောက် လာသည့်ပညာရှင်များက ရှုထောင့် ပေါင်းစုံ မှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ