
မိကျောင်းဆိုတာ အားပြင်းပြီး ကြောက်စရာကောင်းတဲ့ အသားစား ရေသတ္တ၀ါ တစ်မျိုး ဖြစ်ပါတယ်။ စပါးအုံမြွေဆိုတာကတော့
အသားကို အကောင်လို မြိုယူ စားသုံးတဲ့ သတ္တ၀ါ ဖြစ်ပြီး မိကျောင်းတွေ ကို
ယခုလို မြိုနိုင်လိမ့်မယ် လို့တော့ မထင်ခဲ့ကြ ပါဘူး။ ရေအစပ်မှာ နေနေတဲ့
မိကျောင်းကို စပါးအုံဟာ သိပ်အများကြီး မတိုက်ခိုက် ရပဲ လွယ်တကူ
ဖမ်းယူနိုင်ခဲ့ ပါတယ်။ ခန္ဓ္ဓာကို လိုသလို ကြိတ်ချေပြီး တစ်ဆင့်ပြီး တစ်ဆင့်
မြိုပါတော့တယ်။ မြိုယူလို့ ရအောင် မြွေဟာ သူ့ရဲ့ အရည်ခွံနဲ့ ကိုယ်ကို
ကြိုက်သလို အကျဉ်းအကျယ် လုပ်သွားတာကိုလည်း တွေ့ရ ပါတယ်။ အင်မတန် မာကျောပြီး
ကြီးပါတယ်ဆိုတဲ့ မိကျောင်း တစ်ကောင်ဟာ သူ့ရဲ့ ၀မ်းထဲကို တစ်နာရီမကြာပဲ
ဝင်သွား ပါတယ်။
တစ်လောက
သြစတေးလျ နိုင်ငံမှာပဲ မိကျောင်းဟာ အသားစား ငါးမန်းကြီး တစ်ကောင်ကို
ကိုက်ယူ စားသောက်တဲ့ သတင်း ဓာတ်ပုံ တွေ့ရှိခဲ့ရပြီး ယနေ့မှာ စပါးအုံမြွေက
မိကျောင်းကို စားတာ ပြန်တွေ့ ရတော့ လောကမှာ သက်ရှိတိုင်း ဟာ မုဆိုးလည်း
ဖြစ်နိုင်သလို အခြေအနေအရ သားကောင်လည်း ဖြစ်သွား နိုင်ကြောင်း သင်ခန်းစာ
ရသွားစေ ပါတယ်။
No comments:
Post a Comment