“လူတွေ ဘယ်ကနေ ဆင်းသက်လာတာလဲ ဖေဖေ”
“အာဒမ်နဲ့ (Adam) အေးဝ(Eve)ကနေပါ သား၊ သူတို့နှစ်ယောက် က ကလေးတွေမွေးတယ်၊ သူတို့ ကလေးတွေ ကြီးလာတော့ ကလေးပြန်မွေးကြတယ်၊ ဒီလို နဲ့ လူတွေဖြစ်လာ တာပါ။”
ကလေး ကလည်း သူ့အမေဆီ သွားပြီး ဒီမေးခွန်း ကို ပြန်မေးတယ်။
“အမေတို့က မျောက်ကနေ ဆင်းသက် လာတာပါ။ မျောက်တွေ ကနေ ပုံစံအဆင့် အဆင့် ပြောင်း လဲပြီး အခုလို လူတွေဖြစ်လာတာပေါ့။”
ကလေးက သူ့အဖေဆီပြန်ပြေးသွားခဲ့ပြီး “ဖေဖေ ညာပြောတယ်” လို့ ပြောပါတယ်။
“မညာပါဘူး သားရယ်၊ မင်း အမေပြောတာ က သူ့ဘက်က အမျိုး ကိုပြောတာပါ။” တဲ့။
” ကျွန်တော်နဲ့ စကားခဏလောက်ပြောပေးလို့ရမလား။ supermarket ထဲမှာ ကျွန်တော့် အမျိုးသမီး ပျောက် သွားလို့ပါ။”
“ရှင့် အမျိုးသမီးပျောက်တာ ဘာလို့ ကျွန်မကို စကား လာပြောခိုင်း ရတာလဲ”
“ဘာလို့လဲ ဆိုတော့ ကျွန်တော် ချောမောပြီး ခန္ဓာကိုယ် လှပတဲ့ အမျိုးသမီးနဲ့ စကားပြောတိုင်း ဘယ်နေ ရာရောက်နေ ရောက်နေ ကျွန်တော့ မိန်းမ ပေါ်လာတတ်လို့ပါ။”
“ငါသေသွား ရင် နောက်အိမ်ထောင်ပြု မှာလား။”
“မပြုပါဘူး၊ ကျွန်မ ညီမနဲ့ပဲ နေမှာပါ။”
ဇနီး ကလည်း တစ်ခါ သူ့ခင်ပွန်းကို ပြန်မေးပါတယ်။
“ရှင်လည်း ကျွန်မသေသွား ရင် နောက် အိမ်ထောင်ပြုမှာလား”
ခင်ပွန်းသည် လည်း ပြန်ဖြေပါတယ်။
“မပြုပါဘူး၊ ငါလည်း မင်းညီမ နဲ့ပဲ နေမှာပါ။”



































No comments:
Post a Comment