Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, August 21, 2014

မြန်မာ ဇာတ်လမ်းတွေမှာ ကိုယ့်နိုင်ငံ ရိုးရာယဉ်ကျေးမှုတွေကို ထည့်သွင်း ပြသဖို့ လိုနေပါ သေးတယ် ဆိုတဲ့ မိုးယုစံ

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ရုပ်ရှင်ကားများ၊ ရုပ်သံဇာတ်လမ်းများ များစွာဝင်ရောက် လာမှုရှိရာ ၎င်းတို့၏ ဇာတ်ကားတိုင်းတွင် ရိုးရာ ယဉ်ကျေးမှုကို ဖော်ပြသော သရုပ်ဆောင်မှု များစွာ
ရှိနေသေးသဖြင့် မြန်မာဇာတ်လမ်းများတွင်လည်း နိုင်ငံ ယဉ်ကျေးမှု ရိုးရာတွေကို ထည့်သွင်း ပြသဖို့ လိုနေပါသေးတယ် ဆိုတဲ့  သရုပ်ဆောင်မိုးယုစံနှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ ပုံကို ယခုလိုဖော်ပြပေးလိုက်ပါသည်။ 


လတ်တလော အနုပညာ လှုပ်ရှားမှု လေးတွေ ရှိရင်လည်း ပြောပြပေးပါဦး။
မိုးယု လတ်တလောကတော့ ကားရိုက်တွေ ရှိနေပါတယ်။ ကိုဇေရဲထက်နဲ့ ရိုက်ထားတယ်။ အဲဒီကား အပြီးမှာ ကိုထိုက်စံမော့စ်နဲ့ ''နောင်ဝေဝေ'' ဆိုတဲ့  ဇာတ်ကားလေး ရိုက်ဖို့   စီစဉ် နေ ပါတယ်။ ဒီကားထဲက  ကာရိုက်တာ လေးကတော့ လူငယ်ဆန်ဆန် ကာရိုက်တာ လေးတွေ ပါပဲ။ ချစ်သူနဲ့ ဖခင်ကို အဆင်ပြေအောင် ကြားထဲက ညှိပေးရတဲ့ကောင်မလေး နေရာက ပါဝင် သရုပ်ဆောင် ရတာပါ။
ဆရာ ပန်းချီစိုးမိုးနဲ့လည်း ရုပ်ရှင်ကားကြီး ရိုက်နေတယ်နော်။ ဇာတ်ကားကြီးက ပြီးသွား ပြီလား။ အခြေအနေကိုလည်း ပြောပြပေးပါဦး။
''ကျွန်တော့် ရည်းစား ဘုရားမှာ နေသည်'' ဆိုတဲ့ ကားကြီးပါ။ ဆရာ ပန်းချီစိုးမိုး၊ ကိုစိုး ရန်အောင်တို့နဲ့ ရိုက်နေတာ တစ်နေ့ကပဲ မိုးယုပါဝင်တဲ့ အခန်းတွေကို အပြီးသတ်ရိုက် ဖြစ်တာပါ။ ဆရာ ပန်းချီစိုးမိုး ရိုက်ခဲ့တဲ့ ကားလေးကလည်း ညီမအတွက် အရင်ကရိုက်ခဲ့တဲ့ ကားကြီးတွေ ထဲမှာ ထူးခြားတယ်လို့ပြော လို့ရပါတယ်။ ရိုက်ခဲ့ဖူးတဲ့ ကာရိုက်တာတွေက လည်း ဟာသတွေက များတယ် ဆိုတော့လေ။  ဒီကားထဲမှာ ကလည်း ဇာတ်ရုပ်က  သုံးမျိုး လောက် ပြောင်းပြီး ရိုက်ထား ရတယ်။ ညီမ အတွက် အတွေ့အကြုံ အသစ်တွေ အများကြီး ရတဲ့  ရုပ်ရှင်ကားတစ်ကားပါ။
အခုဆိုရင် မိုးယုရိုက်ခဲ့တဲ့ ကားတွေနဲ့မတူဘဲ ကိုယ့်စိတ်ထဲမှာ သရုပ်ဆောင်ချင်တဲ့  ကာရိုက်တာ ပုံစံမျိုးလေး ရှိရင်လည်း ပြောပြပေးပါဦး။
ကာရိုက်တာ ထဲမှာတော့ မိုးယုမလုပ်ဘူးတဲ့ ကာရိုက်တာတွေ အများကြီး ရှိနေပါသေးတယ်။ ကိုယ်မလုပ်ဘူးတဲ့  ကာရိုက်တာမျိုးတွေ ရှိနေသေးရင် ကိုယ့်ကို လာအပ်ရင် လုပ်ကြည့် သွားမှာပါ။ ထူးထူးခြားခြား အနေနဲ့ သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာလေး ဆိုရင်တော့ ခပ်မာမာနဲ့ ဗီလိန် ပုံစံမျိုးလေးတော့ သရုပ်ဆောင်ချင်တယ်။
မိုးယုအနေနဲ့  ကိုယ်ရိုက်ခဲ့တဲ့ ဗီဒီယိုဇာတ် ကားတွေပဲဖြစ်ဖြစ်၊  ရုပ်ရှင်ဇာတ်ကားကြီး တွေပဲ ဖြစ်ဖြစ် ကိုယ်ရဲ့ ဇာတ်ကောင်ကို ပြန်ကြည့်တဲ့ အခါမှာရော အားရမှုရှိလား။
မိုးယုက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်တဲ့ အထဲမှာလည်း မပါဘူး။  ကိုယ့်ကိုယ်ကိုယ် အထင် ကြီးပြီး ဘဝင်မြင့်တဲ့ သူတွေကိုလည်း အရမ်းမုန်းတယ်။ အဲဒီအတွက် မိုးယုရဲ့ ဇာတ်ကားတွေ မှာ မိုးယု လိုအပ်နေတာတွေ ကိုတွေ့တဲ့အခါ ပြင်တယ်။  မိုးယုလည်း လိုအပ်ချက်တွေ ရှိနေမှာလေ။ အဲဒါကြောင့် ကိုယ်သိတာရော၊ မသိတာတွေရော အားလုံး ကို ပြင်ဆင် လေ့ကျင့် သွားမှာပါ။
မိုးယုရဲ့ အောင်မြင်မှုကို  ထိန်းသိမ်းဖို့ လက်စွဲထားတဲ့ စကားလေး ရှိရင်လည်း ပြောပြပေးပါဦး။
အဓိကကတော့  ကိုယ်ရတဲ့ ဘယ်အလုပ် မဆို တာဝန်ကျေဖို့ လိုပါတယ်။ တာဝန်ကျေ ဖို့ရယ်၊ စေတနာ ထားမှုရယ် အဲဒါတွေကို   မိုးယုလုပ်တဲ့ အလုပ်တိုင်းမှာ ထည့်ပြီး ရသမျှ အလုပ် တွေကို အကောင်းဆုံး လုပ်သွားတာ ပါပဲ။
အခုဆိုရင် မြန်မာနိုင်ငံမှာ ခေတ်စား နေတဲ့ လူကြိုက်များတဲ့ ကိုရီးယား ဇာတ်ကားတွေကို ကြည့်ပြီး ကိုယ့်နိုင်ငံရဲ့ အနုပညာတွေက ဘာတွေ လိုအပ်နေတယ်လို့ မြင်မိလဲ။
သူတို့ရဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်တဲ့အခါမှာ မိုးယု သတိထား မိတာကတော့ ရိုးရာ ယဉ်ကျေးမှုကို အရမ်း ဖော်ပြကြတယ်။ သူတို့ရဲ့ ခေတ်ဆန်နေတဲ့ ဇာတ်လမ်းတွဲတိုင်း မှာလိုလို  သူတို့ နိုင်ငံရဲ့ ရိုးရာ အစားအစာ၊ အဝတ်အစား၊ ဓလေ့ ထုံးတမ်းတွေကို ထည့်သွင်း ရိုက်ကူး ပြသ ကြတယ်။ ဒါကြောင့် မိုးယုတို့ မြန်မာနိုင်ငံရဲ့ ဇာတ်ကားတွေမှာ ကိုယ့်နိုင်ငံရဲ့ ရိုးရာ ဓလေ့ လေးတွေကို  ထည့်သွင်း ဖော်ပြ ပေးစေချင်ပါတယ်။
ပရိသတ်အတွက် စကားလက်ဆောင် လေး ပြောပေးပါဦး။
အားပေး နေကြတဲ့ မိုးယုရဲ့ပရိသတ်တွေကိုလည်း ကျေးဇူး တင်ပါတယ်။ မိုးယုရဲ့လှုပ် ရှားမှု တိုင်းကိုလည်း  ဆက်လက် အားပေး အကြံပေး ကြပါလို့ ပြောချင် ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ