Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, August 21, 2014

ဆင်ဂျာဒေသမှ စစ်သွေးကြွများအား ချေမှုန်းနိုင်ခဲ့ကြောင်း အိုဘားမား ပြောကြား

အီရတ်နိုင်ငံရှိ ဆင်ဂျာ တောင်တန်းဒေသ အား သိမ်းယူထားသော
အစ္စလာမ်မစ် စစ်သွေးကြွများကို ချေမှုန်းနိုင်ခဲ့ပြီးနောက် ၎င်းဒေသရှိ ယာဇစ်ဒီ မျိုးနွယ်စုများ၏  အခြေအနေကို ချင့်ချိန် အကဲဖြတ်ရန်  စေလွှတ်ခဲ့သည့် အမေရိကန် တပ်ဖွဲ့ဝင်များကို လာမည့်ရက်တွင် ၎င်းဒေသမှ  ပြန်လည် ရုပ်သိမ်းသွား မည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘားရက်အိုဘားမားက သြဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

စစ်သွေးကြွများ သိမ်းယူထားသော ဆင်ဂျာတောင်တန်း ဒေသမှ ယာဇစ်ဒီမျိုးနွယ်စု ထောင်ပေါင်း များစွာ၏  အသက်ကို ဘေး အန္တရာယ်မှ ကယ်တင် နိုင်ခဲ့သော်လည်း အဆိုပါ မျိုးနွယ်စုများကို ယင်းဒေသမှ ဘေးကင်းရာ သို့ ပြောင်းရွှေ့ပေးမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ ထပ်မံ လုပ်ဆောင်ပေးရန် မျှော်မှန်းထားခြင်း မရှိကြောင်း၊ ၎င်းအပြင် လေကြောင်းမှ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထောက်အကူ ပစ္စည်းများ ပေးပို့ခြင်းကိုလည်း ဆက်လက် လုပ်ဆောင်မည့် အလားအလာ မရှိကြောင်း အိုဘားမားက ပြောကြားခဲ့သည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ကြိုးပမ်း အားထုတ်မှုကြောင့် ယာဇစ်ဒီ မျိုးနွယ်စုများ စစ်သွေးကြွများ လက်မှ လွတ်မြောက် ခဲ့သော်လည်း ၎င်းဒေသသည် အေးချမ်းသွားပြီဟု ထုတ်ဖော် ပြောကြားရန် စောလွန်းနေသေးကြောင်း ကုလသမဂ္ဂ လူသားချင်း  စာနာထောက်ထားမှုဆိုင်ရာ ဌာနမှ ပြောရေးဆိုခွင့်ရှိသူ  ကီးရန်ဒေါ်ယာက ပြောကြားခဲ့သည်။    
   ဆင်ဂျာဒေသမှ စစ်သွေးကြွများအား ချေမှုန်းနိုင်ခဲ့ကြောင်း အိုဘားမား ပြောကြား

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ