Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, August 21, 2014

ရိုဂျိုကို နာနီအလိုက်ပေးပြီး ယူရိုသန်း ၂၀ ဖြင့် မန်ယူခေါ်ယူ

လန်ဒန်− မန်ယူအသင်းသည် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းမှ အာဂျင်တီးနားနောက်ခံလူ မားကို့စ်ရိုဂျိုအား နာနီကို တစ်ရာသီ အငှား အလိုက်ပေး၍ ယူရိုသန်း ၂၀ ဖြင့် ခေါ်ယူရန် သဘောတူလိုက်ပြီဖြစ်သည်။

မန်ယူသည် ရိုဂျိုအား ယူရိုသန်း ၂၀ သက်သက်ဖြင့် ကနဦးက ကမ်းလှမ်းမှုမှာ ငြင်းပယ်ခံရပြီးနောက် နာနီကို တစ်ရာသီအငှားအဖြစ် အလိုက်ပေးကာ ခေါ်ယူနိုင်ရန် သဘောတူညီမှုရခဲ့ခြင်းဖြစ် သည်။ ထို့အပြင် သဘောတူညီချက်တွင် ပရီးမီးယားလစာ အမြင့်ဆုံး ကစားသမားများထဲမှ တစ်ဦးဖြစ်သော နာနီအတွက် လုပ်ခအများစုကို မန်ယူကပင် ပေးချေရမည်ဖြစ်ရာ စပို့တင်းအသင်းအတွက် ပေါ်တူဂီလက်ရွေးစင် တစ်ဦးကို ဈေးသက်သာစွာ ရလိုက်ခြင်းဖြစ်သည်။
သို့သော် စပို့တင်းမှာ ရိုဂျို၏ စီးပွားရေးမူပိုင်ခွင့်များကို ပိုင်ဆိုင်ထားသော အာဂျင်တီးနားမှ  ဒိုယန်စပေါ့တ်ကုမ္ပဏီသို့ ရိုဂျိုကို ရောင်းချခြင်းမှ ဝင်ငွေ ၇၅ ရာခိုင်နှုန်း ပေးရမည်ဖြစ်သလို ရိုဂျို၏ ကလပ်ဟောင်း စပါးတပ်မော်စကိုကိုလည်း ပြန်ရောင်းသည့်ဈေး ယူရို ငါးသန်းကျော်ပါက ဝင်ငွေ ၂၀ ရာခိုင်နှုန်း ပေးရန်ရှိနေသည်။ ထို့ကြောင့် ရိုဂျိုမှာ မန်ယူသို့ အလွတ်ဈေးနီးပါး ပြောင်းရွှေ့သွားသည့်သဘောဖြစ်သည်ဟု ဆိုသည်။
ရိုဂျို(၂၄)နှစ်သည် ပြီးခဲ့သည့်ကမ္ဘာ့ဖလား၏ အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းတွင် အာဂျင်တီးနားအသင်းမှ ပါဝင်ခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ရိုဂျိုသည် ဗန်ဂါးလ်၏ မန်ယူ ကစားကွက် ၃-၅-၂ တွင် နောက်ခံဗဟိုနေရာနှင့် ဘယ်အစွန်လူနေရာများတွင် ကစားနိုင်သူ ဖြစ်သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ