Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, August 25, 2014

၂၀၁၄ ဘရုနိုင်း ဘုရင့်ဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ မြန်မာဗိုလ်စွဲ

၂၀၁၄ ဘရုနိုင်း ဘုရင့်ဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာယူ ၁၉ ဘောလုံးအသင်းက ဗီယက်နမ်ယူ ၁၉ အသင်းကို ၄ ဂိုး ၃ဂိုးနဲ့ နိုင်ပြီး ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။

သြဂတ် ၂၃ ရက်နေ့ညက ယှဉ်ပြိုင်တဲ့ ဗိုလ်လုပွဲမှာ မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို ကျေနံပါတ် ၂၃၊ မျိုးကိုထွန်းက ၂ ဂိုး၊ ကျောနံပါတ် ၈ မောင်မောင်စိုးက ၁ဂိုးနဲ့ ကျောနံပါတ် ၉ အောင်သူက ၁ ဂိုး သွင်းယူပါတယ်။




နှစ်သင်းစလုံး ခြေညီတဲ့အပြင် အပြန်အလှန် သွင်းဂိုးတွေများတဲ့အတွက် အကြိတ်အနယ်နဲ့ ပွဲကောင်းတပွဲလည်း ဖြစ်ခဲ့ပါတယ်။ မြန်မာလူငယ်အသင်းဟာ ဘရုနိုင်းပြိုင်ပွဲမှာ ၂၀၀၅နဲ့ ၂၀၀၇ မှာ ဒုတိယ ရခဲ့ဖူးပြီး ၂၀၀၂နဲ့ ၂၀၁၂ မှာ ပူးတွဲ တတိယနေရာကို ရရှိခဲ့ပါတယ်။

မြန်မာယူ ၁၉ အသင်းဟာ လာမယ့် စက်တင်ဘာလ ဗီယမ်နမ်နိုင်ငံမှာ ပြုလုပ်မယ့် အာစီယံ ချန်ပီယံရှစ်ယူ ၁၉ ပြိုင်ပွဲနဲ့ အောက်တိုဘာလ မြန်မာက အိမ်ရှင်လုပ်မယ့် အာရှ ချန်ပီယံရှစ် ယူ ၁၉ ပြိုင်ပွဲတွေကို ဆက်တိုက်ယှဉ်ပြိုင်သွားမှာပါ။

မြန်မာယူ ၁၉ အသင်းဟာ ဒီကနေ့ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီမှာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပြီး အောင်ပွဲရ လူငယ်အသင်းကို ပရိတ်သတ်တွေ စောင့်ကြို အားပေးဖို့ ဘောလုံးအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ